တရုတ်နိုင်ငံ ဂျီးကျင်မြိုနယ်မှာနေထိုင်တဲ့  အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး ဟာ  အဆက်မပြတ် ဗိုက်အောင့်နေပြီး ဝမ်းချုပ်တဲ့ဝေဒနာ ခံစားနေရတဲ့အတွက် ဆေးရုံတက်ခဲ့ရပါတယ်။

ဆရာဝန်တွေက သူ့ရဲ့ ဝမ်းဗိုက်ပိုင်းကို စီတီစကင်ရိုက်ကြည့်တဲ့အခါ သူမရဲ့ အစာအိမ်ကနေ အူလမ်းကြောင်းအထိ နဲ့  စအိုပေါက်နား အထိ အလုံးသေးသေးလေးအများကြီးတွေ ပိတ်ဆို့နေတာကိုတွေ့ခဲ့ရပါတယ်။ 

သူမရဲ့ ဆရာဝန်ကသူမနောက်ဆုံးစားခဲ့တဲ့ အစားအစာတွေကို မေးတဲ့အခါမှာတော့
“ Bubble tea ကို လွန်ခဲ့တဲ့ ၅ ရက်ခန့်က သောက်ခဲ့တယ်” လို့ ဖြေကြားခဲ့ပါတယ်။     

သူမရဲ့ ဆရာဝန်က အခုလို ပိတ်ဆို့နေတဲ့ အရာတွေကို Bubble Tea ထဲမာပါတဲ့ Pearl လုံးလေးတွေလို့ ခန့်မှန်းမိပါတယ်။  အချိန်အတော်ကြာ နေ့စဉ်ပုံမှန်သောက်သုံးမှုကြောင့် အခုလို ခန္ဓာကိုယ်ထဲမှာ ပိတ်ဆို့နေတာ

ဖြစ်ပါတယ်လို့လည်း ဆရာဝန်က ပြောခဲ့ပါတယ်။

ဝမ်းချူဆေးပေးပြီး အစာအိမ်ထဲကနေ အလုံးလေးတွေ ပြန်ထွက်အောင် ကုသပေးနေတယ်လို့လည်းသိရပါတယ်။

 

“Bubble tea ထဲမှာပါတဲ့ Pearls တွေဟာ ပီလောပီနံမှုန့်နဲ့ ပြုလုပ်ထားတာကြောင့် လွယ်လွယ်နဲ့ အစာကြေနိုင်ဖို့ခက်ခဲပါတယ်။ အချို့ဆိုင်တွေမှာဆိုရင် ပိုပြီးချွဲပြစ်အောင်ပြုလုပ်ထားတဲ့

Pearls တွေကို အသုံးပြုထားတဲ့အတွက် အများကြီး စားမိရင် အစာချေတဲ့နေရာမှာ အန္တရာယ်ရှိလာနိုင်ပါတယ်” လို့ ဒေါက်တာယုလင်း ကပြောခဲ့ပါတယ်။

 

ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းဟာ Bubble Tea အပြင် အခြားအခြေအနေတွေလည်း   

ရှိနေနိုင်တာမလို့  ဆက်လက်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

 

Source : When In Manila KC