လက်ရှိအချိန်မှာရေပန်းစားနေတဲ့  Arthdal Chronicles ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပရိသတ်အချစ်တော် Jisoo နဲ့ Nichkhun တို့ပါဝင်ထားပါတယ်။

 ဒီကိုရီးယားဇာတ်လမ်းတွဲဟာ စိတ်ကူးယဉ်ဆန်ဆန်မြို့တော်တစ်ခုကို အခြေတည်ရိုက်ကူးထားပြီး tvN ရုပ်သံလိုင်းကပြသနေတာပါ။ ဘရူနိုင်းမှာရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားမှာဆိုရင် အဓိကဇာတ်ဆောင်အနေနဲ့ Jang Dong Gun,Song Joon Ki,Kim Ji Won နဲ့
Kim Ok-vinတို့ပါဝင်ထားပါတယ်။

ပရိသတ်အကြိုက်တွေ့နေရတဲ့ ဒီဇာတ်ကားမှာ နာမည်ကျော် Idol နှစ်ယောက်ကလည်းပါဝင်ထားပါတယ်လို့သိပ်မကြာသေးခင်ကမှ ပရိသတ်တွေကိုပြောကြားလိုက်တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ Blackpinkအဖွဲ့ဝင်မိန်းမချောလေး Jisoo နဲ့ 2PM အဖွဲ့ဝင် Nichkhun တို့ဖြစ်ပါတယ်။

သူတို့နှစ်ဦးပါဝင်ထားတဲ့ ဇာတ်ဝင်ခန်းတွေကလည်း ရိုက်ကူးမှုပြီးစီးသွားပြီဖြစ်ပါတယ်။ Jisoo ကတော့ Producers ဆိုတဲ့ ဇာတ်လမ်းတွဲမှာပါဝင်ခဲ့ဖူးပေမဲ့ Blackpink အဖွဲ့ဝင်ဖြစ်ပြီးနောက်
ဇာတ်လမ်းတွဲမှာသရုပ်ဆောင်အနေနဲ့ပါဝင်တာကတော့ Arthdal Chronicles မှာပထမဆုံးဖြစ်မှာပါ။


Nichkhun ကတော့ ဂျပန်နဲ့တရုတ်ဇာတ်လမ်းတွဲတွေမှာပါဝင်ခဲ့ဖူးပေမဲ့ ကိုရီးယားဇာတ်လမ်းတွဲမှာ ယခုမှပထမဆုံးပါဝင်သရုပ်ဆောင်ခြင်းဖြစ်ပါတယ်။


ပရိသတ်အခိုင်အမာရပြီးသား Idol နှစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေက အခုလိုသတင်းကြားတဲ့အချိန်မှာ အရမ်းကိုစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

သရုပ်ဆောင်အနေနဲ့လည်းတွေ့ရဦးမဲ့ Idol တွေကတော့ တကယ့်ကို ဘက်စုံထူးချွန်တဲ့သူတွေပါပဲနော်.

#Kstarlive