BTS ရဲ့ Album အသစ်ဖြစ်တဲ့ Map of The Soul: Persona ဟာ အမေရိကန်နိုင်ငံရဲ့ Chart Data အရ ရောင်းအားအကောင်းဆုံး Album ဖြစ်ခဲ့ပါတယ်။

BTS အဖွဲ့ဟာ  Chart Data စာရင်းထဲမှာ No (1) နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ ကိုရီးယားနိုင်ငံရဲ့ ပထမဆုံးသော အနုပညာရှင် ဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း Ariana Grande နဲ့ Billie Eilish  ကိုကျော်ပြီး NO(1) ရသွားပြန်ပါပြီ။

Map of The Soul:Persona ထွက်မယ်လို့ ကြေညာပြီး ခဏကြာမှာပဲ Album 3Million preorder ရရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၁၇ခုနှစ်မှာလည်း Junstin Bieber နဲ့ Selena Gomez ကိုကျော်တက်ပြီး Billboard ကပေးတဲ့ Top Social Artists Of The Year ဆုကိုရရှိခဲ့တဲ့အတွက် BBMA ဆုကို ယူဆောင်နိင်ခဲ့တဲ့ ပထမဆုံးသော

ကိုရီးယားအနုပညာရှင်ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးထွက်ထားတဲ့ Album ၂ခုဖြစ်တဲ့ " Love Yourself: Answer” နဲ့ “Love Yourself: Tear” ကလည်း 2018ခုနှစ် Billborad 100 Chart မှာ နံပါတ်တစ် နေရာရရှိခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ ၂၀၁၅နဲ့ ၂၀၁၇ခုနှစ်တွေမှာ Concert Tour လုပ်ပြီး ဖျော်ဖြေခဲ့ဖူးတဲ့အပြင် နိုင်ငံခြားအနုပညာရှင်တွေဖြစ်တဲ့ DJ Steve Aoki ၊ Halsey ၊ Nicki Minaj အပြင် Charli XCX တို့နဲ့လည်း Collaboration လုပ်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၀၁၇မှာလည်း  အမေရိကန် ရုပ်သံလိုင်းမှာ ပြသခြင်းခံရဖို့အတွက် American Music Awards မှာ ဖျော်ဖြေခဲ့ပါတယ်။

ကိုရိးယားနိုင်င်ငံမှာတင်မဟုတ်ဘဲ အမေရိကန်ဈေးကွက်ကိုပါထိုးဖောက်ခဲ့ပါတယ်။

BTSအဖွဲ့ဟာ No more dream ဆိုတဲ့သီချင်းနဲ့ ဇွန်လ ၂၀၁၃မှာ အနုပညာလောက ထဲကို ၀င်ရောက်လာခဲ့တာပါ။ ခြောက်နှစ်တာ ကာလအတွင်းမှာ အောင်မြင်မှုများစွာ ရရှိခဲ့တဲ့အပြင် နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့ပါတယ်။

Soure: All K-pop