ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးသရုပ်ဆောင်တစ်ဦး ဖြစ်တဲ့  Park Hyungsik ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အမျိုးသားတိုင်း စစ်မှုထမ်းရမယ့် ဥပဒေအရ ဇွန်လ(၁၀)ရက်၊ နေ့လည် ၂နာရီခွဲအချိန်မှာ

တာဝန်ထမ်းဆောင်ဖို့အတွက် နမ့်စန်မြို့က အခြေစိုက်စခန်းသို့ ငါးပတ်ကြာ အခြေခံစစ်ရေးလေ့ကျင့်ရန် အတွက် အရင်သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

စစ်မှုမထမ်းခင်အချိန်မှာ Park Hyungsik ဟာ MBC ကရိုက်ကူးတဲ့ Real Men လို့ခေါ်တဲ့ စစ်သားအနေနဲ့ သရုပ်ဆောင်ရတဲ့ Reality Show မှာပါဝင် ရိုက်ကူးခဲ့တဲ့အချိန်မှာ သူရဲ့ သေနတ်ပစ်စွမ်းရည်  

ကောင်းမွန်မှုကြောင့် ပရိသတ်တွေဆီက  ချီးကျူးစကားကြားခဲ့ရပါတယ်။ သူရဲ့ ကျွမ်းကျင်မှုကို တကယ်

လက်တွေ့မှာ အသုံးချနိုင်ရင် ကောင်းမှာပဲလို့ interview တစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။

Park Hyungsik ဟာ 2010 ခုနှစ်မှာ ZE;A အဖွဲ့ဝင်အဆိုတော်တစ်ဦး အဖြစ် အနုပညာလောကထဲကို

စတင်ဝင်ရောက်ခဲ့ပြီး The Heirs ၊ High Society ၊ Hwarang နဲ့ Strong Woman Do Bongsoon

ဇာတ်ကားတွေရိုက်ကူးပြီးနောက်ပိုင်းမှာ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ Idol တစ်ယောက်

ဖြစ်လာခဲ့ပါတယ်။

ဇန်န၀ါရီ(၄)ရက် ၂၀၂၁ခုနှစ်မှာ စစ်မှုထမ်းတာဝန်ပြီးဆုံးမယ်လို့ ခန့်မှန်းထားကြပြီး သူရဲ့

ပရိသတ်တွေလည်း သူဘေးကင်းစွာပြန်လာဖို့ ဆုတောင်းစကားတွေ ပြောခဲ့ကြပါတယ်။

 

Credit – Kstar Live, Soompi