အချိုစားသုံးခြင်းကိုလျော့ချရင် ခန္ဓာကိုယ် အလေးချိန်မြန်မြန် ကျနိုင်ပါတယ်။

  • Chris Patt

ခြောက်လအတွင်းမှာ ပေါင် ၆၀ ချနိုင်ခဲ့တဲ့ သူပါ။ Gurdians of The Galaxy ဇာတ်ကားထဲက မင်းသား

လည်းဖြစ်ပါတယ်။ သူရဲ့ Diet plan အဓိကကတော့ ရေများများသောက်ခဲ့ပါတယ်။ Gym သွားမယ့်အစား ကယ်လိုရီနည်းတဲ့ အစားအစာတွေကို ရွှေးချယ်စားသောက်ခဲ့ပါတယ်။

Fast Food တွေဖြစ်တဲ့ burger,pizza,pasta,အာလူးကြော်တွေ မစားဘဲနေခဲ့ပါတယ်။ အရက်ဖြတ်လိုက်တာကလည်း အလေးချိန်ကျနိုင်ပါတယ်။ ဘီယာမသောက်ဖို့လည်း

အရေးကြီးပါတယ်လို့ ပြောခဲ့ပါတယ်။

  • Lady gaga

Queen of Pop Music လို့တင်စားပြောဆိုခြင်းခံရတဲ့ Lady Gaga ... သူမ အလေးချိန်လျော့ချနည်းက

တခြားသူတွေနဲ့မတူပါဘူး။ အစားလျော့စားတာတွေထက် Yoga ကို နေ့တိုင်း အဓိကဦးစားပေးလုပ်ခဲ့

ပါတယ်။ Yoga ကစားရင် ၀ိတ်တက်တာနည်းစေတဲ့ အပြင် စိတ်ရော ကိုယ်ပါ ကျန်းမာစေတဲ့အတွက်

မိန်းကလေးတိုင်း Yoga ကစားကြည့်သင့်တယ်လို့လည်း ပြောခဲ့ပါတယ်။

  • Adele

အသံအေးအေးလေးနဲ့ ပရိသတ်အကြိုက်တွေ့မယ့် သီချင်းလးတွေကိုသီဆိုလေ့ရှိတဲ့သူမ ကတော့

ပရိုတိန်းဓာတ်နဲ့ကာဗွန်ဟိုက်ဒရိတ်ဓာတ်ပါတဲ့ အသီးအရွှက်တွေကို အဓိက စားသောက်ခဲ့ပါတယ်။

အလေးချိန်တက်စေမယ့် လက်ဖက်ရည်နဲ့သကြား ကိုလည်း ရှောင်ကြဉ်ခဲ့တဲ့အပြင်

 ဆေးလိပ်သောက်ခြင်းကိုလည်း ရပ်တန့်ခဲ့ပါတယ်။

  • Christina Aguilera

အဆိုတော်ချောလေး Christina ကတော့ တစ်နေ့ကို ကယ်လိုရီ ၁၆၀၀ ထက်မပိုအောင်စားခဲ့ပါတယ်။

အစားရှောင်တာမျိုးမလုပ်ဘဲ မနက်စာကို ပရိုတိန်းဓာတ်ပါတဲ့ ထောပတ်သီး၊ဘလူးဘယ်ရီ၊

ဝက်ပေါင်ခြောက် တို့ကိုစားခဲ့ပါတယ်။ နေ့လယ်စာနဲ့ ညစာကိုတော့ အသီးအရွှက်သုပ်တစ်မျိုးနဲ့

ငါး ဒါမှမဟုတ် ကြက်သားနဲ့ တွဲစားလေ့ရှိတယ်။ စိတ်ဖိစီးမှုမရှိအောင် နေထိုင်ခြင်းကလည်း

အလေးချိန်မတက်အောင် ကူညီပေးနိုင်ပါတယ်လို့ ပြောခဲ့ပါတယ်။ ၀ိုင်အပြင်

အရက်ကိုလည်းဖြတ်ခဲ့ပါတယ်။

  • Beyonce

နာမည်ကြီး Pop Star Beyonce ရဲ့ diet plan ကတော့လုပ်ဖို့အခက်ခဲဆုံးပါပဲ။

ပေါင်မုန့်အပြင် နို့ထွက်ပစ္စည်း၊ ငါး၊ အသား၊ အရက် နဲ့ အချိုဓာတ်စားသုံးခြင်းကိုပါ

ရှောင်ကြဉ်ခဲ့ပါတယ်။ အသီးအရွှက်နဲ့ အသီးဖျော်ရည်ကိုပဲ သူလိုချင်တဲ့ အလေးချိန် ရတဲ့အထိ စားသုံးခဲ့ပါတယ်လို့သိရပါတယ်။

  • Stan Smith

အချိန်တိုအတွင်း ပေါင် ၅၀ကျော်ချနိုင်ခဲ့တဲ့ အဆိုတော်ပါ။ သူကတော့ ခန္ဓာကိုယ်ကျစ်လစ်တာကို

လိုချင်ခဲ့တဲ့အတွက် Gym မှာကိုယ်ပိုင် Trainer နဲ့ကစားခဲ့တယ်လို့သိရပါတယ်။ နို့ထွက်ပစ္စည်းတွေနဲ့

သကြားကို လုံးဝမစားခဲ့ပါဘူး။ မနက်တိုင်း ပြေးတာကလည်း အလေးချိန်ကျနိုင်ပါတယ်။Kardashian

 

 

  • Kim

နာမည်ကြီးမော်ဒယ် Kim Kardshian ကတော့ သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှ ပိုမို

ပေါ်လွင်လာအောင် အလေးချိန်လျော့ချခဲ့ပါတယ်။ အစားစားတိုင်း ပရိုတိန်း ၆အောင်စ

ပြည့်ဝရုံပဲ စားခဲ့ပါတယ်။ ကယ်လိုရီကို ပုံမှန်ထက် လျော့ချပြီး သတိထားစားသောက်ခဲ့တယ်

လို့လည်း သိရပါတယ်။

  • Kylie Jenner

သူမကလေးမွေးပြီးတဲ့အချိန်မှာ ခန္ဒာကိုယ် အလေးချိန်တက်ခဲ့တာကြောင့် ကလေးမွေးပြီး မကြာခင်မှာပဲ

၂ပတ်အတွင်း၂၅ပေါင်လျော့ချနိုင်ခဲ့တဲ့သူပါ။ ကယ်လိုရီ ၁၅၀၀ပြည့်ရုံမျှသာ စားသုံးခဲ့ပါတယ်။ သကြားနဲ့

တခြားအချိုဓာတ်ပါတဲ့ အစားအစာတွေကို အဓိကရှောင်ကြဉ်ခြင်းက အလေးချိန်မြန်မြန်ကျစေခဲ့ပါတယ်။