ဒီဇာတ်ကားတွေအကုန်လုံးကို ၂၀၁၉ခုနှစ်ထဲမှာ စတင်ပြသတော့မှာနော်။

   Watcher

သည်းထိတ်ရင်ဖို စိတ္တဇလူသတ်ကားလိုမျိုး ရိုက်ကူးထားပြီးတော့ အဖြစ်မှန်ကို ဖော်ထုတ်ဖို့ကြိုးစားနေတဲ့

ရဲအရာရှိ ၂ယောက်နဲ့ ရှေ့နေတစ်ယောက် အကြောင်းပါ။ Tralier ထွက်ပြီး ခဏအကြာမှာပဲ

ပရိသတ်တွေ စိတ်ဝင်စားမှုကို ရရှိခဲ့တဲ့ ဒရမ်မာပါ။

    Level Up

ဒီမင်းသားကိုတော့ မဒီလေးတွေ သိကြမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂိမ်းထုတ်လုပ်တဲ့ ကုမ္ပဏီကို

ကယ်တင်ဖို့ကြိုးစားနေကြတဲ့ ခေါင်းမာတဲ့ လူနှစ်ယောက် Gamer Han Bo Reum နဲ့

ပညာရှင် Sung Hoon တို့ကြားကအချစ်ဇာတ်လမ်းပါ။

   Hotel Del Luna

မင်းသား၊ မင်းသမီး ၂ယောက်လုံးကို သိပြီးသားဖြစ်မှာပါ။

ဟိုတယ် King လိုမျိုး အချစ်ဇာတ်လမ်းပါ။ Hotel Del Luna ရဲ့ မန်နေဂျာ Yeo Jin Goo နဲ့ လှပေမယ့်

အေးတိအေးစက်နိုင်ပြီး မောက်မာတဲ့ သူဌေး IU တို့ကြားက Romantic ဆန်ဆန်

ဇာတ်ကားပါ။

    Rookie Historian Goo Hae Ryung

ဂျိုဆောင်ခေတ်က သွက်လက်ပြီးထက်မြက်တဲ့ သမိုင်းပညာရှင် အနေနဲ့ Shin Se Kyung က

သရုပ်ဆောင်ထားပြီးအထီးကျန်ပြီး အချစ်အကြောင်း မသိတဲ့ အိမ်ရှေ့စံ အနေနဲ့

Cha Eun Woo ကသရုပ်ဆောင်ထားပါတယ်။အပြိုင်ချောနေကြတဲ့သူတို့နှစ်ယောက်ရဲ့

အချစ်ဇာတ်လမ်း။

     Moments Of 18

မရင့်ကျက်သေးတဲ့ အသက်၁၈နှစ် အရွယ်မှာ တွေ့ကြုံခံစားရမယ့် ဘ၀ခံစားမှုတွေကို

တင်ဆက်ပြသပေးသွားမယ့်ဒရမ်မာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Wanna One အဖွဲ့ရဲ့

အဆိုတော်Ong Seong Wuကပါဝင်သရုပ်ဆောင် ထားပါတယ်။

     My Frist First Love Season 2

Season 1မှာ ပရိသတ်တွေ အားပေးမှုကို ရရှိခဲ့တဲ့ လူငယ်အချစ်ဒရမ်မာ ဇာတ်ကားက

မကြာခင် season2 ထုတ်လွှင့်တော့မှာပါ။

      Welcome 2 Life

မင်းသား Rain ရဲ့ ဒရမ်မာအသစ်ပါ။ တစ်ကိုယ်ကောင်းဆန်ပြီး ငွေနောက်လိုက်တဲ့ ရှေ့နေ

တစ်ယောက်Univere နှစ်ခုကြားရောက်သွားတဲ့အခါမှာ ဖြောင့်မတ်မှန်ကန်တဲ့

စုံစမ်းစစ်ဆေးရေးမှူး အနေနဲ့မတူညီတဲ့ဘ၀တစ်ခု စတင်ဖို့ဖြစ်လာခဲ့တဲ့

အကြောင်းရိုက်ကူးထားတာပါ။

source : Soompi