Key East Entertainment နဲ့ ကင်ဆိုးဟွန်းတို့ စာချုပ်သက်တမ်းက ဒီနှစ် ဒီဇင်ဘာမှာ ကုန်ဆုံးတော့မှာပါ။

စာချုပ်သက်တမ်းက ၅လကျန်သေးပေမယ့်လည်း ကိုယ်ပိုင်အေဂျင်စီတည်ထောင်ဖို့အတွက်

အခုကတည်းက ကြိုးစားပြင်ဆင်နေတယ်လို့ သတင်းထွက်နေပါတယ်။ အဲ့ဒါအပြင်

Key East ရဲ့ အရင် မန်နေဂျာဖွင့်ထားတဲ့ အေဂျင်စီအသစ်အပြင် တခြားအေဂျင်စီနဲ့

စာချုပ်ထပ်ချုပ်ဖို့ စဉ်းစားနေတယ်လို့လည်း သတင်းကြားရပါတယ်။

ဘယ်ဟာအမှန်ဖြစ်မလဲဆိုတာသေချာမသိရသေးပါဘူး။

Key East Entertainment ကတော့ ထိုသတင်းတွေနဲ့ ပတ်သတ်ပြီးထုတ်ပြန်ထားခြင်း

မရှိပါဘူး။ ဒါပေမယ့် စာချုပ်အသစ်ထပ်ချုပ်ဆိုဖို့လည်း အလားအလာရှိကြောင်းကို

ကြေညာခဲ့ဖူးပါတယ်။လတ်တလောကမှ စစ်တပ်ထဲက ထွက်လာတာဖြစ်တဲ့အတွက်

အခုအချိန်မှာ ဘာမှတိတိကျကျ မသိရသေးပေမယ့် နောက် ၂လ ၃လအတွင်းမှာ

ကင်ဆိုးဟွန်းက အားလုံး အံ့သြသင့်အောင် တစ်ခုခု လုပ်ဆောင်သွားမယ်လို့

တခြားအနုပညာရှင်တွေကလည်း ယုံကြည်နေကြပါတယ်။

ကင်ဆိုးဟွန်းရဲ့ သတင်းက အခုလောလောဆယ်မှာ ပရိသတ်တွေ စိတ်ဝင်စားမှုကို

အဓိကရရှိနေပါတယ်။ ဇာတ်ကားအသစ်တစ်ခုကိုလည်း နောက်နှစ်မှာစရိုက်ကူးနိုင်ဖို့

ကြိုးစားသွားမှာပါလို့လည်း ကင်ဆိုးဟွန်းက ပြောခဲ့ပါတယ်။

Source : KoreaBoo