Disney ရဲ့ Little Mermaid ကာတွန်းကားရုပ်ရှင်ကို Live Action အနေနဲ့ပြန်လည်ရိုက်ကူးဖို့အတွက်

သရုပ်ဆောင် ရွေးချယ်ရာမှာ Ariel အဖြစ် အသက် 19 နှစ်သာရှိသေးတဲ့ တက်သစ်စ လူငယ်

သရုပ်ဆောင်Halle Bailey ကိုရွေးချယ်လိုက်ပြီ ဖြစ်ကြောင်း ဒီနေ့မနက်က ကြေညာခဲ့ပါတယ်။

ဒီ Live Action မှာပါဝင်သရုပ်ဆောင်မယ့် အဓိကဇာတ်ဆောင် မင်းသား၊မင်းသမီးကနေ

အရံသရပ်ဆောင်တွေအထိ အားလုံးကို အသေးစိတ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း  Bailey ကို Ariel နေရာမှာ သရုပ်ဆာင်တာကို ပရိသတ်တွေက

သဘောမတူနိုင်ဖြစ်နေကြပါတယ်။သူမ ကအသက်ငယ်သေးတဲ့ အပြင်

လူမည်းကောင်မလေး ဖြစ်နေတဲ့အတွက်ကြောင့် ဒီဇာတ်ကောင်နေရာမှာ

မလိုက်ဖက်နိုင်ဘူးဆိုပြီး ပရိသတ်တွေက ထင်မြင်ယူဆချက်တွေ ပေးနေကြပါတယ်။

“ သူမရဲ့ ပုံပန်းသွင်ပြင်ကို အဓိကမထားဘဲ အသံချိုချိုလေးရယ် စိတ်နေသဘောထားနဲ့

ဖြူစင်ရိုးသားမှုကို အခြေခံမယ် ဆိုရင် သူမဟာ ဒီဇာတ်ကောင်ကို သရုပ်ဆောင်ဖို့

အရည်အချင်း ပြည့်မှီတယ်ဆိုတာကို တွေ့မြင်ရမှာပါ” လို့ ဒါရိုက်တာ

Rob Marshall ကပြောခဲ့ပါတယ်။

ဒီဇာတ်ကားကို ၂၀၂၀ နှစ်အစပိုင်းမှာ မှာစတင်ရိုက်ကူးမှာဖြစ်ပါတယ်။

 Source : Insider