အမေရိကန်နိုင်ငံ၊ လက်စ်ဗီးဂတ်စ်မြို့မှာ ကျင်းပခဲ့တဲ့ (၁၁)ကြိမ်မြောက် ကမ္ဘာ့ MMA ဆုပေးပွဲမှာ အောင်လအန်ဆန်ဟာ International Fighter Of The Year ဆုကို ဇူလိုင်လ (၄) ရက်နေ့က ရရှိခဲ့ပါတယ်။

ထိုဆုပေးပွဲမှာ အကောင်းဆုံးဆုနှစ်မျိုးမှာ ဆန်ခါတင် ပါဝင်ခဲ့ပေမယ့် Fighter of the Year ဆုကို

UFC ဟဲဗီးဝိတ်တန်းချန်ပီယံ ဒန်နီယယ်လ်ကော်မီယေက ရရှိခဲ့တာကြောင့် ဆုတံဆိပ်တစ်မျိုးသာ

ရယူနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

အောင်လအန်ဆန်ဟာ World MMA Awards မှာ အကောင်းဆုံးဆုတံဆိပ် ချီးမြှင့်ခြင်းခံရတဲ့

ပထမဦးဆုံး မြန်မာ့ဂုဏ်ဆောင် MMA ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။

စိန်ခေါ်ပွဲတွေမှာ ဆက်တိုက်အနိုင်ရယူနိုင်ခဲ့ခြင်းကြောင့် အခုလို တစ်နှစ်တာအကောင်းဆုံး

ဖိုက်တာဆုကို ထိုက်တန်စွာ ရယူနိုင်ခဲ့တာပါ။ သူရဲ့ ပရိသတ်တွေကည်း နိုင်ငံဂုဏ်ဆောင်

အားကစားသမားတစ်ဦး အဖြစ် ဂုဏ်ယူမဆုံး ဖြစ်နေပါပြီ။

ဒါဟာ မြန်မာနိုင်ငံ၊ မြန်မာလူမျိုးတွေအတွက် အထူးတလည် ဂုဏ်ယူစရာ ဖြစ်သလို အောင်လအန်ဆန်

ရဲ့အမည်နာမဟာလည်း ကမ္ဘာ့ MMA စင်မြင့်ထက်မှာ ပိုလို့ထင်ပေါ်ကျော်ကြားလာတော့မှာ ဖြစ်ပါတယ်။

Source : MMA Myanmar