တရုတ်နိုင်ငံက မိန်းကလေးသူငယ်ချင်း (၇)ဦးက သူတို့စိတ်ကူးထဲက အတိုင်း အသက်ကြီးလာတဲ့အခါ အတူတူနေဖို့ ၇၅၃၅ပေ ကျယ်ဝန်းတဲ့ အိမ်ကြီးကို ၀ယ်ယူခဲ့ပါတယ်။

အစကတော့ သူတို့အချင်းချင်း ၂၀၀၈ခုနှစ်လောက်က စနောက်ပြောဆိုခဲ့တာကြပါ။ ဒါပေမယ့်

အခုတကယ်ဖြစ်လာခဲ့ပါပြီ။သူတို့ရဲ့ အိမ်ကြီးက Guangdong မြို့တော်ရဲ့ လူနေနည်းတဲ့

ဆင်ခြေဖုံးရပ်ကွက်မှာ တည်ရှိပြီး အိမ်နဲ့မြေကွက်စုစုပေါင်းတန်ဖိုးက အမေရိကန်ဒေါ်လာ

၅၈၄၀၀၀ ရှိတယ်လို့ သိရပါတယ်။

အိမ်ကို သုံးထပ်ဆောက်လုပ်ထားပြီး လသာဆောင် သေးသေးလေးပါ ပါသေးတယ်။

ဘေးပတ်ပတ်လည်မှာ လယ်ကွင်းတွေဝန်းရံနေပြီး အေးချမ်းတိတ်ဆိတ်တဲ့နေရာလေးပါ။

ဘယ်လောက်မိုက်လိုက်မလဲ။

မြေညီထပ်မှာ ဧည့်ခန်းလိုမျိုးနေရာထိုင်ခင်းတွေ စီစဉ်ထားပြီး  အပေါ်ထပ်တွေမှာ

သူငယ်ချင်းတစ်ယောက်စီ အတွက်တစ်ခန်းသီးသန့် ထားရှိထားပါတယ်။

ပရိဘောဂ အစုံအလင်နဲ့ အလှဆင်ထားတဲ့အပြင် မီးဖိုးချောင်လှလှလေး၊

အ၀တ်လျှော်ခန်းနဲ့ ရေကူးကန်လည်း ပါပါသေးတယ်။

လက်ဖက်ရည်သောက်ရတာ နှစ်သက်တဲ့ သူတို့ ၇ယောက်အတွက်

လက်ဖက်ရည်သောက်ဖို့ လယ်ကွင်းတွေနဲ့နီးတဲ့နေရာမှာ

စိတ်ကူးယဉ်ယဉ်ဆန်ဆန် ဖန်တီးထားပါတယ်။

အဲ့ဒါအပြင် သူတို့ အသက်ကြီးပြီး အတူတူနေတဲ့အခါ ဟင်းချက်တာတွေ

ဟင်းသီးဟင်းရွက်စိုက်တာတွေကို ဘယ်သူကဘာလုပ်မလဲဆိုတာကို

တာဝန်တွေ ခွဲယူဖို့လည်း အခုထဲက စီစဉ်ထားတယ်လို့လည်း သိပါတယ်။

အားကျစရာကြီးနော် .....

 

Source : Next Shark