Kang Ha Neul နဲ့ Gong Hyo Jin တို့က KBS Drama ကထုတ်လွှင့်မယ့် “When the Camellia Blooms” အမည်ရှိ ဇာတ်ကားအသစ်မှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဒီဇာတ်ကားမှာ Gong Hyo Jin က ပတ်ဝန်းကျင်ရဲ့အယူအဆတွေကို ဂရုမစိုက်ဘဲ နုံ့အပေမယ့်

အလုပ်ကြိုးစားတဲ့ Dong Baek ….. သူမဘ၀မှာ တစ်ခါမှအချစ်မခံရတဲ့အပြင် တခြားသူတွေကို

ဘယ်လိုချစ်ရမလဲဆိုတာကိုလဲမသိတဲ့ ဇာတ်ကောင်အနေနဲ့ သရုပ်ဆောင်မှာဖြစ်ပါတယ်။

Kang Ha Neul ကတော့ ဆွဲဆောင်မှုရှိတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး အမှန်တရားကို

မြတ်နိုးတဲ့အပြင် ကိုယ့်အမှားကို ၀န်ခံတတ်တဲ့ Hwang Yong Shik အနေနဲ့

သရုပ်ဆောင်သွားမှာပါ။ ဒီဇာတ်ကားက Ha Neul စစ်မှုထမ်းပြီးတဲ့နောက်ပိုင်းမှာ

ပထမဆုံးရိုက်ကူးတဲ့ ဇာတ်ကားဖြစ်တဲ့နောက်အတွက် ပရိသတ်တွေက၀မ်းသာစွာ

aစာင့်မျှော်နေကြပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ လူတစ်ယောက်က တခြားတစ်ယောက်အတွက် အံ့သြသင့်စရာတွေကို

ယူဆောင်လာပေးနိုင်တဲ့သူ အနေနဲ့ လက်တွေ့မှာ တကယ်ဖြစ်လာနိုင်မှာလား ဆိုပြီး

စဉ်းစားရလောက်အောင် နွေးထွေးတဲ့ ရိုမန်တစ်ဆန်ဆန် ဇာတ်ကားပါ။

 

ဒီဇာတ်ကားကို Fight My Way ကိုရေးသားခဲ့တဲ့ စာရေးဆရာ Im Sang Choon နဲ့

Uncontrollably Fond နဲ့ Are You Human,Too? တို့ကိုရိုက်ကူးထားခဲ့တဲ့ဒါရိုက်တာ

Cha Young Hoon တို့က အတူတူရိုက်ကူးသွားမှာပါ။

စက်တင်ဘာလထဲမှာစတင်ပြသမယ်လို့ သိရပါတယ်။

 

Source : Soompi