Cara Delevingne နဲ့ Ashley Benson တို့နှစ်ယောက်က ဇွန်လထဲမှာ သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်း ၁နှစ်ပြည့်အထိမ်းအမှတ်ကို အတူတူဖြတ်သန်းခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဥရောပမှာ ခရီးအတူတူထွက်နေတဲ့ သူတို့နှစ်ယောက်ကို ဇူလိုင်လ ၈ရက်နေ့မှာ

ဆင်တူလက်စွပ်ဝတ်ဆင်ထားတာ တွေ့ခဲ့ရပါတယ်။ သတင်းထောက်တွေက သူတို့နှစ်ယောက်

စေ့စပ်ပြီးသွားပြီ ဖြစ်ကြောင်း လူမှုကွန်ရက်တွေမှာ သတင်းဖြန်ခဲ့ပါတယ်။

သူတို့ရဲ့ ပရိသတ်တွေကလည်း ဒီသတင်းသာ တကယ်ဆိုရင် အရမ်းကိုပျော်မိမှာပါဆိုပြီးcomment

ပေးထားပါတယ်။ အစကတော့ Cara နဲ့ Ashley တို့နှစ်ယောက်ရဲ့ ကိုယ်စားလှယ်တွေကတော့

ဒီသတင်းနဲ့ ပတ်သတ်ပြီး ချက်ချင်းတုံ့ပြန်ထားခြင်း မရှိပါဘူး။

သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအခြေအနေနဲ့ ပတ်သတ်ပြီး သြဂုတ်လ ၂၀၁၈ထဲက ဘာသတင်းမှ

မကြားခဲ့ရတာပါ။ဒါပေမယ့် Cara က Ashley ကို  လူတွေကြားမှာ နမ်းခဲ့တဲ့ videoကို Instagram မှာ

တင်ခဲ့ပါတယ်။

သူတို့နှစ်ယောက် တကယ်စေ့စပ်ပြီးသွားလားဆိုတာကို ပရိသတ်တွေကလည်း သိချင်နေကြပါတယ်။

တကယ်ဆိုရင်တော့ ဒီသတင်းနဲ့ ပတ်သတ်ပြီး ကန့်ကွက်စရာမရှိပါဘူးဆိုပြီး ပြောကြပါတယ်။

 

source : People.Com