ကမ္ဘာတစ်ဝန်းက အနုပညာရှင်တွေထဲမှာ အသက် ၂၉နှစ်အရွယ် အဆိုတော် Taylor Swift က ၀င်ငွေအကောင်းဆုံးရရှိတဲ့ စာရင်းမှာ ပထမရရှိခဲ့ပါတယ်။ 

သူမနောက်ဆုံးထွက်ခဲ့တဲ့ Reputation အယ်လ်ဘမ်အတွက် လှည့်လည်ဖျော်ဖြေခဲ့တာက အမေရိကန်

ဒေါ်လာသန်း ၂၆၆ ရရှိခဲ့တဲ့အတွက်ကြောင့်အခုလို ပထမနေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။

နောက်ထွက်မယ့် Lover အယ်လ်ဘမ်ကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့မယ်ဆိုရင် နောက်နှစ်

ဒီအချိန်မှာလည်း Taylor Swift က ပထမနေရာမှာ ရပ်တည်နိုင်ဖို့ အလားအလာရှိပါတယ်။

ဒီဝင်ငွေအကောင်းဆုံးအနုပညာစာရင်းဟာဆိုရင် ၂၀၁၈ ဇွန်လ ၁ရက်ကနေ

၂၀၁၉ ဇွန်လ ၁ရက်နေ့အထိ အနုပညာရှင်တွေ ရရှိခဲ့တဲ့ ၀င်ငွေအပေါ်မူတည်ပြီး

သတ်မှတ်ထားတာပါ။

ဒုတိယနေရာမှာ ရရှိသွားတာကတော့ အသက် ၂၁နှစ်အရွယ် Kylie Jenner ပါ။

Kylie ကတော့ သူမနာမည်နဲ့ ထုတ်လုပ်ခဲ့တဲ့ မိတ်ကပ်ပစ္စည်းတွေက နှစ်စဉ်

အမေရိကန်ဒေါ်လာ သန်း ၁၇၀ ရရှိခဲ့တဲ့ကြောင့်ပါ။ သူမကတော့ ကမ္ဘာအသက်အငယ်ဆုံး

ဘီလီယမ်နာတစ်ယောက်ဖြစ်လာမယ့်သူပါ။

နာမည်ကြီးအဆိုတော် Kanye West ကလည်း တတိယနေရာ ရရှိခဲ့ပါတယ်။ Kanye က

Adidas နဲ့အတူ ပူးပေါင်းထုတ်လုပ်ခဲ့တဲ့ Yeezy ဖိနပ်က လွန်ခဲ့တဲ့၁နှစ်အတွင်းမှာ

သန်း ၁၀၀ နီးပါးရောင်းချနိုင်ခဲ့ပါတယ်။Kanye က သူကိုယ်ပိုင် Yeezy အ၀တ်အစား

ထုတ်လုပ်တဲ့ ကုမ္ပဏီကိုလည်း တည်ထောင်ထားပါတယ်။

 

Source :CBS News