အဆိုတော် ချောချောလေး Shawn Mendes ကတော့ လူတိုင်းအံ့သြသင့်အောင် လုပ်လိုက်ပြန်ပါပြီ။

Shawn ရဲ့ပရိသတ်တစ်ယောက်က Twitter မှာ အပြောင်သဘောနဲ့ Photoshop သုံးကာ

သူရဲ့လက်မောင်းပေါ်မှာ လိပ်ပြာပုံတက်တူးရေးဆွဲခဲ့ပါတယ်။ သူသာ ဒီတက်တူးလေးနဲ့ဆို

ပိုကြည့်ကောင်းပြီး ပိုမိုက်မှာပဲဆိုပြီး ပုံတင်ခဲ့ပါတယ်။

 

Shawn က အဲ့ပုံကိုတွေ့သွားပြီး ပရိသတ်ကောင်မလေးကို twitter မှာ follow လုပ်ပြီး

လိပ်ပြာပုံတက်တူးဒီဇိုင်းကို သူဆီပို့ပေးနိုင်မလားဆိုပြီး စာပို့ခဲ့ပါတယ်။

 

မကြာခင်မှာပဲ Shawn က အဲ့ဒီလိပ်ပြာပုံတက်တူးလေးကို သူရဲ့လက်မောင်းပေါ်မှာ ထိုးခဲ့တဲ့

အကြောင်း ပုံတင်ခဲ့ပါတယ်။

 

ကဲ …. ဘယ်လောက်တောင်မိုက်လဲ ? ကိုယ်အရမ်းကြိုက်တဲ့သူကသာ အဲ့လိုမျိုးလုပ်ပေးရင်

ပျော်လွန်းလို့ သေနိုင်တယ်။

 

Source : Layza Joys