Boba pearls သို့မဟုတ် Bubble Tea က ၂၀၁၂ကနေစပြီး အခုချိန်အထိ လူကြိုက်အများဆုံး အအေးတစ်ခုဖြစ်ပါတယ်။

ဆိုးကျိုးအနေနဲ့ Bubble Tea ထဲမှာပါတဲ့ Pearl စေ့လေးတွေကို ကြေညက်အောင်

ဝါးဖို့ခက်ခဲတဲ့အပြင် အစာအိမ်ထဲမှာ ရက်ပေါင်းအတော်ကြာအောင် ရှိနေတတ်ပါတယ်။

အစာအိမ်ထိခိုက်မှုနည်းပါးအောင် တစ်ပတ်မှာ နှစ်ခါထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။

 

လွန်ခဲ့တဲ့လက တရုတ်နိုင်ငံက ကောင်မလေးတစ်ယောက် ဗိုက်အောင့်ဗိုက်နာဖြစ်တဲ့အပြင်

ဝမ်းချုပ်တဲ့ဝေဒနာကိုပါ တစ်ပတ်နီးပါး  ခံစားခဲ့ရပြီး နောက်မှာတော့ ဆေးရုံးသွားခဲ့ပါတယ်။

ဆေးစစ်ချက်အရ အစာအိမ်ထဲမှာ pearl စေ့လေးတွေ အများကြီး ရက်ပေါင်း အတော်ကြာ

သည့်အထိ ရှိနေခဲ့ပါတယ်။

အသေးစိတ်လေ့လာစစ်ဆေးတဲ့ အခါမှာတော့ pearl စေ့တွေကို ရာဘာအဟောင်းတွေကို

အသုံးပြုပြီး ထုတ်လုပ်ခဲ့ကြောင်းကို သိရှိခဲ့ရပါတယ်။

ရာဘာနဲ့ ပြုလုပ်ထားတာကို စားသုံးမိရင် အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တဲ့အတွက်

ရဲအရာရှိတွေက အခုအချိန်မှာ ဘယ်သူက ဒီလိုမျိုးထုတ်လုပ်ခဲ့တာလဲဆိုပြီး စုံစမ်း

စစ်ဆေးနေတယ်လို့ သိရပါတယ်။

 

Source : PhilNews