မလေးရှားနိုင်ငံက အမျိုးသမီးတစ်ယောက်က ခင်ပွန်းသည် စိတ်လေနေမှာစိုးလို့ ဒုတိယ မိန်းမတစ်ယောက် ထပ်ယူဖို့ သူမကိုယ်တိုင် ရှာပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီသီတင်းဟာ လူမှုကွန်ရက်ပေါ်မှာ ဟိုးလေးတစ်ကျော် ဖြစ်ခဲ့ပြီး ထိုအမျိုးသားကို အားကျသူတွေ

တစ်ပုံကြီးပါ။ ဇနီးသည်ရဲ့ အမည်မှာ Khuzatul Atiqah ဖြစ်ပြီး သူမကိုယ်ဝန်စပြီး ရှိကတည်းက

ခင်ပွန်းသည်ကိုလိုအပ်တဲ့ ဂရုစိုက်မှုတွေ မလုပ်နိုင်မှာစိုးခဲ့ပါတယ်။ Atiqah က သူမအနေနဲ့

ဗိုက်ထဲက ကလေးကို အထူးဂရုစိုက်နေတဲ့အချိန် ခင်ပွန်းသည် စိတ်လေမှာကို အလွန်

စိုးရိမ်ခဲ့ပါတယ်။

ဒီလိုနဲ့ Atiqah ဟာ နောက်ထပ်ဇနီးဖြစ်လာမယ့် အမျိုးသမီးကို ကိုယ်တော်ရှာဖွေခဲ့ရာ

လအနည်းငယ်အကြာမှာ အထူးသင့်တော်တဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့

ပါတော့တယ်။ အဲဒီအမျိုးသမီးကလည်း ယဉ်ယဉ်လေးနဲ့ အလွန်လှပသူဖြစ်ပြီး မယား

ဝတ္တရားအပြင် အောက်သက်ကျေသူ အမျိုးသမီးတစ်ဦးဖြစ်ခဲ့ပါတယ်။

ဒုတိယဇနီးရဲ့အမည်ကတော့ Nur Fathonah ပါ။ သူမနဲ့ Atiqah တို့က လူမှုကါန်၇က်မှာ

သူငယ်ချင်းတွေအဖြစ် သိခဲ့ကြပါတယ်။ တကယ်တော့ Nur က ကလေးနှစ်ယောက်နဲ့

ရုန်းကန်နေရတဲ့ တစ်ခုလပ် အမျိုးသမီးတစ်ယောက်ပါ။ Nur က Atiqah ရဲ့ပွင့်လင်းတဲ့

ကမ်းလှမ်းမှုကို ရက်အတော်ကြာအောင် စဉ်းစားပြီး နောက်ဆုံးလက်ခံခဲ့ပါတယ်။

ငွေကြေးချမ်းသာတဲ့ Atiqah မိသားစုက Nur နဲ့ ကလေးတွေကို အကုန်လုံး စောင့်ရှောက်

ပေးဖို့ သဘောတူညီခဲ့ပြီး တစ်အိမ်တည်းမှာ အေးချမ်းစွာ အတူနေကြပါမယ်လို့ သိရပါတယ်။

 

Source : Every Time Story