မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် နေအိမ်တိုက်ခန်းအတွင်း ဖောက်ထွင်းဝင်ရောက်သူက လင်မယားနှစ်ဦးကို ဓားဖြင့်ထိုးမှု ဇူလိုင် ၃၀ရက် နံနက် ၅နာရီခန့်က ဖြစ်ပွားခဲ့ပြီး

အမျိုးသားသေဆုံးကာ ဇနီးဖြစ်သူ အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း အခင်းဖြစ်နေရာမှ

စုံစမ်းသိရှိရသည်။

အဆိုပါမြို့နယ် ဗိုလိမင်းရောင်လမ်းနှင့် ၁၁၈လမ်းထောင့်၊ သဟပုညကာရီဆွမ်းလောင်းဓမ္မာရုံနှင့်

မျက်နှာချင်းဆိုင် ခြောက်လွှာတိုက်၏ လေးလွှာညာဘက်ခြမ်း တိုက်ခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး

ဓားထိုးခံရသူ အမျိုးသမီးက ပတ်ဝန်းကျင်ထံအော်ဟစ် အကူအညီတောင်းခံကာ သူခိုးဟာလည်း

အော်ဟစ်ခဲ့ကြောင်းသိရသည်။

လူသတ်မှုဖြစ်ပွားသည့် တိုက်အနီးနေထိုင်သူအမျိုးသမီးတစ်ဦးက “ကျွန်မတို့ဈေးကနေ မနက်

၅နာရီလောက်မှ အိမ်ပြန်လာတယ်။ တိုက်အောက်ရောက်တော့ ကယ်ကြပါဦး၊ ကယ်ကြပါဦး

ဆိုပြီး အော်သံကြားရတယ်။ကောင်မလေးတစ်ယောက်အော်သံပါ။

ကျွန်မတို့လည်း အသံဘယ်ကလာတာလဲ ဆိုပြီး ဘယ်အထပ်ကလဲဆိုပြီး မေးတယ်။

နည်းနည်းကြာတော့ လေးလွှာကနေ လက်ကလေးအရင် ထွက်လာတယ်။ ဓားနဲ့

အထိုးခံရပါတယ်ဆိုပြီးတော့။ ရဲစခန်းကို ဖုန်းဆက်ပေးမယ်ဆိုပြီး ဖုန်းဆက်တယ်။

ရဲတွေချက်ချင်းရောက်လာပါတယ်။ နောက်အဲ့ကောင်မလေးက ကိုယ်တစ်ပိုင်း

ထွက်လာတယ်။ အိမ်ထဲမှာလည်း လူသတ်သွားတယ်။ လူတစ်ယောက်သေနေ

တယ်ပေါ့။ ကလေးလေးလည်းရျိတယ်လို့ အဲ့လိုမျိုးပြောတယ်။ သူခိုးလို့လည်း

ဖအ်ာတယ်။ အခုလိုမျိုးဖြစ်သွားတော့ စိတ်ထဲမှာ ကြောက်လန့်မိတယ်” ဟု တွေ့ကြုံ

ရပုံကို ပြောကြားသည်။

ဗိုလ်မင်းရောင်လမ်းတိုက်ခန်းတွင် ဖြစ်ပွားသည့် မူခင်းနှင့်ပတ်သက်ပြီး မင်္ဂလာတောင်ညွှန့်မြို့မ

ရဲစခန်းသို့ ည၆နာရီခန့်တွင် သွားရောက်စုံးစမ်းခဲ့ပြီး စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်းသာ

သိရပြီး သီးခြားအချက်အလက်များ မသိရသေးပေ။

အခင်းဖြစ်ပွားသည့် တိုက်ခန်းတွင် အသက် ၃၀ခန့်လင်မယားနှစ်ဦးနှင့် ၂နှစ်အရွှယ်ကလေး

တစ်ဦးဖြင့် နေထိုင်ကြောင်း သိရပြီး ကုမ္ပဏီဝန်ထမ်းဖြစ်သူ ကိုနိုင်ထွန်းအောင်မှာ နံကြား၊

ရင်အုံ ထိုးသွင်း၊ ပြတ်ရှဒဏ်ရာများ ရရှိကာသေဆုံးကာ မစန္ဒာလှိုင်မှာ ကျောဘက်တွင်

ထိုးသွင်းဒဏ်ရာများ အပြင်းအထန် ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း ကနဦး

စုံစမ်းမှုအရ သိရသည်။

 

Source : Eleven