ဒီနေ့ မနက်ခင်း မှာ သတင်းဌာနတစ်ခုကနေ Lee Jong Suk နဲ့ Nara ( Fomer Hello Venue's member ) တို့ အခု လက်ရှိတွဲနေကြပါတယ် ဆိုပြီး သတင်းရေးသားခဲ့ပါတယ်။

Jee Jong Suk က Nara ကို  သူကိုယ်ပိုင် အမျတ်တံဆပ်ဖြစ်တဲ့ A Man Project နဲ့ လက်မှတ်ထိုးဖို့

သူကိုယ်တိုင်ဆက်သွယ်ပြီး ကူညီခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒါအပြင် Nara အနုပညာလုပ်ငန်းတွေကိုပါ Lee Jong Suk က ကူညီပေးနေတယ်။

Jong Suk က Nara ကိုစကြိုက်ခဲ့ပြီး လက်ဆောင်တွေလည်း ၀ယ်ပေးပါတယ် လို့

အတွင်းလူတစ်ယောက်က ပြောခဲ့ပါတယ်။ 

Nara က Lee Jong Suk ရဲ့ Ideal Type ပါ။ Lee Jong Suk က အခုချိန်မှာ

စစ်မှုထမ်းနေပေမယ့် Nara က သူဆီ ခဏခဏ သွားလည်တယ်ဆိုပြီးတော့

ပြောထားပါသေးတယ်။

ထိုသတင်းထွက်ပြီး တစ်နာရီအတွင်းမှာပဲ သက်ဆိုင်ရာ Agency အသီးသီးကနေ သတင်းက

အမှန် မဟုတ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။ သူတို့နှစ်ယောက်က ဒီအတိုင်းစီနီယာ ဂျူနီယာ

လိုပဲ ခင်တာပါဆိုပြီး ပြောခဲ့ပါတယ်။

 

Source : All KPop