တွဲနေတာ မဟုတ်ကြောင်း ငြင်းလိုက်ပေမယ့် သူတို့နှစ်ယောက်ကို Lee Jong Suk ပိုင်တဲ့ 89 Mansion ဆိုတဲ့ ကော်ဖီဆိုင်မှာ ခဏခဏ Date လုပ်ကြတယ်ဆိုပြီး နောက်ဆက်တွဲ သတင်းအနေနဲ့သိရပါတယ်။

အဲ့ဒါအပြင် Nara က Jong Suk နေတဲ့ အိမ်အနီးကို ပြောင်းရွှေဖို့ အိမ်ငှားစာချုပ်မှာ လက်မှတ်

ထိုးခဲ့ပြီးပြီလို့ မီဒီယာတစ်ခုက ဖော်ပြခဲ့ပါတယ်။ အခုချိန်မှာ ရွေ့ပြောင်းဖို့ စီစဉ်နေပါတယ်။

 

Nara ပြောင်းရွေ့မယ့်နေရာကတော့ Jong Suk နေတဲ့ အဆင့်မြင့် Hannam-dong L villa နဲ့

၅ မိနစ်လောက်သာသွားရင် ရောက်တဲ့ Seoul’s Oksu-dong မှာပါ။ Nara က သူညီမနဲ့

အချိန်အတော်ကြာ တူတူနေခဲ့ပြီးကာမှ အခုလို အိမ်ပြောင်းဖို့စီစဉ်ခဲ့တာလို့လည်းသိရပါတယ်။

၂၀၁၉ နှစ် အစပိုင်းလောက်မှာ စတွဲခဲ့တယ်လို့ သတင်းထွက်ခဲ့ပေမယ့် စီနီယာ ဂျူနီယာဆက်ဆံရေးလို့

အေဂျင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။ အစကတော့ ပရိသတ်တွေက တွဲနေတဲ့သတင်းကို

မယုံခဲ့ပေမယ့် အခုအချိန်မှာတော့ သူတို့နှစ်ယောက် အခြေအနေကို မသင်္ကာဖြစ်နေပါတယ်။

 

Source : All K-Pop