Marvel ကထုတ်လုပ်တဲ့ Avengers ဇာတ်ကားတွေမှာ Loki အနေနဲ့ သရုပ်ဆောင်တဲ့ ဗြိတိန်မင်းသား တစ်ဦးဖြစ်သူ Tom Hiddleston ဟာ သူရဲ့ Infinity War မှာပါဝင်တဲ့ ၃ မိနစ်စာဇာတ်ဝင်ခန်းလေးအတွက် ဒေါ်လာ ၈ သန်းရရှိခဲ့ပါတယ်။

ဒါဟာ Hollywood ရဲ့ သရုပ်ဆောင်တွေကို မိနစ်အရ သရုပ်ဆောင်ကြေးပေးတဲ့အထဲမှာ

အများဆုံး တစ်ခု အဖြစ် မှတ်တမ်းဝင်နေပါတယ်။

Tom ဟာ Loki ဇာတ်ကောင်အနေနဲ့ Thor (2011), The Avengers (2012),

Thor: The Dark World (2013), Thor: RAgnarok (2017), Avengers :

Infinity War (2018) နဲ့ Avengers : Endgame  တွေမှာ  ပါဝင်သရုပ်ဆောင်

ခဲ့ပါတယ်။ အဲ့ဒါတွေအပြင် သူ အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့တဲ့

Kong : Skull Island ကလည်း နာမည်ကြီး ဇာတ်ကားကောင်းတစ်ခုပါ။

 

Tom က စမတ်ကျကျ ၀တ်ဆင်နထိုင်တတ်သူဖြစ်ပြီးတော့ သူရဲ့ ဝင်ငွေတွေကို သူဖတ်တဲ့ စာအုပ်ဖိုး

အလှူ အတမ်းတွေ , မိသားစုရေးရာတွေအတွက် သာ ကျစ်လစ်စွာသုံးစွဲတယ် သိရပါတယ်။

ကြိုးစားမူ့ကြောင့် မိနစ်တိုင်းဟာ သူ့အတွက် ငွေဖြစ်နေတာမလို့ Tom ဟာ single တစ်ဦးပါပဲ။

၂၀၁၆လောက်က အဆိုတော် Taylor Swift နဲ့ လအတော်ကြာတွဲခဲ့ပေမယ့် လမ်းခွဲခဲ့ကြပါတယ်။

 

Source : Holloywood Dope