အံ့သြစရာကောင်းတာကတော့ အင်္ဂလန်နိုင်ငံမှာ နေထိုင်တဲ့ Pat Smith အမည်ရှိ အသက်၇၀ အရွယ်အဘွားအိုတစ်ဦးက TV မှာလာတဲ့ ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ရေး အစီအစဉ်ကို ကြည့်ရှုပြီးတဲ့နောက်မှာ

ကမ္ဘာပေါ်မှာရှိတဲ့သဘာဝပတ်ဝန်းကျင်ကို လူတွေရဲ့ စည်းကမ်းမရှိ အမှိုက်ပစ်ချမှုက ဖျက်ဆီး

နေပါတယ်။ဂရုမစိုက်ဘဲ ပြုလုပ်မိတဲ့ အမှားတွေကနေ သဘာဝပတ်ဝန်းကျင်မှာရှိတဲ့ အလှတရား

ပျက်သုဉ်းစပြုလာပါတယ်။

သဘာဝအလှတရားတွေထဲက လူတွေအပန်းဖြေနားခိုရာနေရာတွေဖြစ်တဲ့ ကမ်းခြေတွေနဲ့

တောင်တန်းတွေမှာ စည်းကမ်းမရှိ အမှိုက်စွန့်ပစ်ခဲ့ကြပါတယ်။

အံ့သြစရာကောင်းတာကတော့ အင်္ဂလန်နိုင်ငံမှာ နေထိုင်တဲ့ Pat Smith အမည်ရှိ အသက်၇၀

အရွယ်အဘွားအိုတစ်ဦးက TV မှာလာတဲ့ ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ရေး အစီအစဉ်ကို

ကြည့်ရှုပြီးတဲ့နောက်မှာ သူမကို သူမ Challenge တစ်ခုလုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ တစ်ပတ်

တစ်ခါ ကမ်းခြေတစ်ခုကို သန့်ရှင်းရေးလုပ်ဖို့ပါပဲ။

သူမရဲ့အကြံဥာဏ်ကို ဘေးပတ်ဝန်းကျင်က သူမသူငယ်ချင်းတွေကလည်း လက်ခံခဲ့ပြီး သူမကို

အားပေးကူညီခဲ့ကြပါတယ်။ သူမရဲ့မြေးလေးတွေအပြင် သူမနဲ့အတူတွဲလုပ်ချင်တဲ့ ပရဟိတ

သမားတွေကိုလည်း အတူတူခေါ်သွားလေ့ရှိပါတယ်။ သူမခေါင်းဆောင်တဲ့ အသင်းက ၂၀၁၈

ထဲမှာတင် ကမ်းခြေ ၅၂ခုကို သန့်ရှင်းရေးလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုမျိုးလုပ်ရတာ တကယ်ကို ကောင်းမွန်တဲ့လုပ်ရပ်တစ်ခုလို ခံစားရတယ်လို့ သူမကပြောခဲ့ပါတယ်။

အဲ့ဒါအပြင် သူမက The Final Straw လို့ခေါ်တဲ့ အဖွဲ့နာမည်နဲ့ ပလတ်စတစ်တွေရှင်းမယ့် ရည်ရွယ်ချက်

နဲ့ Campaign တစ်ခုစခဲ့ပြီးတော့ လူအများက သူတို့တွေကို အားပေးကူညီနေကြပါတယ်။ အခုလို

ဆောင်ရွက်ခြင်းက တိရစ္ဆာန်တွေအပြင် လူတွေကိုပါ ကောင်းကျိုးပြုနိုင်တဲ့လုပ်ရပ်ဖြစ်မယ်လို့

ထင်ပါတယ်။

 

Credit – TruthTheory