ပန်းပွင့်စိမ်းကို ပုံမှန်စားမယ်ဆိုရင် ရင်သားကင်ဆာ ဖြစ်စေနိင်မယ့် ဆဲလ်တွေကို ၇၅% ထိလျော့ချပေးနိုင်ပါတယ်။

ပန်းပွင့်စိမ်း

ပန်းပွင့်စိမ်းကို ပုံမှန်စားမယ်ဆိုရင် ရင်သားကင်ဆာ ဖြစ်စေနိင်မယ့် ဆဲလ်တွေကို ၇၅% ထိလျော့ချ

ပေးနိုင်ပါတယ်။ယောင်္ကျားလေးတွေအတွက်လည်း မျိုးပွားအင်္ဂါနဲ့ သက်ဆိုင်တဲ့ ကင်ဆာဆဲလ်တွေ

ကိုလည်း ကာကွယ်ပေးတဲ့အပြင် ဦးနှောက်အမြှေးရောင်ရောဂါ၊ အူမကြီးကင်ဆာ  ဖြစ်ပွားနှုန်းကို

လည်း တ၀တ်လျော့ချနိုင်ပါတယ်။

 

မုန်လာဥနီ

အစာအိမ်ကင်ဆာ၊ မျိုးပွားအင်္ဂါနဲ့ သက်ဆိုင်တဲ့ရောဂါတွေနဲ့ ဆေးလိပ်သောက်တဲ့သူ အများစုက

မုန်လာဥနီကို ပုံမှန်စားမယ်ဆိုရင် အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ချေလျော့နည်းနိုင်ပါတယ်။

ပဲအမျိုးမျိုး

အမျှင်ဓာတ်နဲ့ အာဟာရဓာတ်များစွာပါဝင်တဲ့ ပဲတွေကို နေ့တိုင်းစားသုံးခြင်းကလည်း ဦးနှောက်

အမြှေးရောင်ရောဂါနဲ့ အူမကြီးကင်ဆာအပြင် တခြားကင်ဆာများ ဖြစ်ပွားနိုင်ချေနည်းပါးပါတယ်။

သံလွင်ဆီ

အလှအပရေးရာအပြင်မှာ အသုံးဝင်တဲ့ သံလွင်ဆီက ကင်ဆာရောဂါကို ကာကွယ်တဲ့နေရာမှာလည်း

အရေးပါပါတယ်။ သံလွင်ဆီက အဓိကအားဖြင့် အစာချေစနစ်မှာ ကြုံတွေ့ရတတ်တဲ့ ကင်ဆာရောဂါ

တွေနဲ့ ရင်သားကင်ဆာကို အဓိကကာကွယ်ပေးပါတယ်။ အသီးအရွက်တွေကြော်တဲ့အခါခါမှာပဲဖြစ်ဖြစ်

အရွက်သုပ်စားတဲ့အခါမှာပဲဖြစ်ဖြစ် သံလွင်ဆီကိုအသုံးပြုနိုင်ပါတယ်။

နနွင်း

နနွင်းကို မြန်မာနိုင်ငံမှာ ဟင်းချက်တဲ့နေရာမှာ အဓိကအသုံးပြုကြပါတယ်။ အဲ့ဒါအပြင် ရောင်ရမ်းတဲ့

နေရာတွေ၊စက်ပစ္စည်းတွေ သံချေးတက်တာအပြင် ကင်ဆာရောဂါပါကို ပျောက်ကင်းအောင်လည်း

နနွင်းကို အသုံးပြုလို့ရပါတယ်။ စားပွဲတင်ဇွန်းတစ်ဝက်ခန့်ကို ပုံမှန်စားပေးရင် အူမကြီးကင်ဆာ၊

ဦးနှောက်နဲ့လည်ချောင်းကင်ဆာ၊ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာတွေကို ကာကွယ်နိုင်ပါတယ်။  

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးထဲမှာ ပါဝင်တဲ့အာဟာရဓာတ်တွေက ကင်ဆာရောဂါတွေကို ကာကွယ်နိုင်စွမ်းရှိပါတယ်။

အစိမ်းစားရင်ပဲဖြစ်ဖြစ် ချက်စားရင်ပဲဖြစ်ဖြစ်စားလို့ရပေမယ့် ခရမ်းချဉ်သီးကို အစိမ်းလိုက် အသုပ်

စားတဲ့အခါနဲ့ Sandwich၊ ပါစတာထဲမှာ ထည့်စားတာက ပိုကောင်းပါတယ်။ ခရမ်းချဉ်သီးဆော့

စားသုံးခြင်းကလည်း ကင်ဆာကို ကာကွယ်နိုင်ပါတယ်။

ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ဂျင်း

ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ဂျင်း တွေကိုပုံမှန်စားသုံးခြင်းကလည်း အစာအိမ်ကင်ဆာအပြင် ခန္ဓာကိုယ်

ထဲကအခြားရောဂါဖြစ်ပွားခြင်းကိုပါ ကာကွယ်နိုင်ပါတယ်။ ဦးနှောက်အမြှေးရောင်ရောဂါနဲ့ မျိုးပွားအင်္ဂါနဲ့

ဆိုင်တဲ့ရောဂါတွေ ဖြစ်ပွားနှုန်းကိုလည်း လျော့ကျစေပါတယ်။

လူကြိုက်များတဲ့အသီးတွေဖြစ်တဲ့ စတော်ဘယ်ရီ၊ပန်းသီး၊ ထောပတ်သီး၊ သံပုရာသီးနဲ့ စပျစ်သီး

ကလည်းကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။