သြဂုတ် ၁၈ရက်နေ့က သရုပ်ဆောင် Goo Hye Sun က သူမရဲ့ Instagram အကောင့်မှာ သူခင်ပွန်း Ahn Jae Hyun ကွာရှင်းချင်ရတဲ့ အကြောင်းကို ဓာတ်ပုံနဲ့အတူ ထုတ်ဖော်ခဲ့ပါတယ်။

ဓာတ်ပုံတွေနဲ့အတူ အခုလို ရေးသားခဲ့ပါတယ်။ “ကျွန်မရဲ့ခင်ပွန်းက ကျွန်မတို့အိမ်ထောင်ရေးနဲ့

ပတ်သတ်ပြီး သူသဘောထား ပြောင်းခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအိမ်ထောင်ရေးကို

ပျင်းစရာကောင်းတယ်လို့ တွေးပြီး ကွာရှင်းချင်ခဲ့ပါတယ်။ (သူက တရားရုံးကို နောက်တစ်ပတ်

ဆက်သွယ်ပြီး ကွာရှင်းမယ်လို့ပြောခဲ့ပါတယ်။ ဒါပေမယ့် အကုန်လုံးကို အမှန်တရားကို

သိစေချင်တဲ့အတွက် အခုလိုဖေိာထုတ်ခဲ့တာပါ)

သူတို့နှစ်ယောက် ကွာရှင်းတော့မယ်လို့ သတင်းထွက်ပြီး နှစ်နာရီအကြာမှာပဲ အခုလို

Goo Hye Sun ကတင်ခဲ့တာပါ။

ဘာသာပြန်

Ahn Jae Hyun : အရင်နေ့က New Journey To The Westအဖွဲ့ကို ငါရဲ့ ကြေညာချက်နဲ့

ကွာရှင်းဖို့ ကိစ္စအတွက် သတင်းစာရှင်းလင်းပွဲကို နောက်တစ်ပတ်ထဲ လုပ်မယ့်အကြောင်း

ပြောပြီးပြီ။

Goo Hye San : မလုပ်နဲ့။ ငါ့အမေ အဆင်သင့်ဖြစ်မှ တစ်ခါတည်းလုပ်။ ငါ့အမေက

အဲ့ဖျော်ဖြေပွဲထက် ပိုအရေးကြီးတယ်။

Ahn: အကုန်လုံးက သဘောတူပြီးနေပြီပဲ။ စာရွက်စာတမ်း ကိစ္စတွေပဲ ကျန်တော့တာ။

အခုချိန်မှာတော့ မင်းအမေနဲ့ တွေ့စရာမလိုသေးဘူးထင်တယ်။ ငါကတော့ဒီကိစ္စကို

ဆက်လုပ်သွားမယ်။

ငါ မင်းအမေကို ဖုန်းဆက်ပြီးမပြောဘူးလို့ပြောတာ မဟုတ်ဘူးနော်။

Goo : နင် သူနဲ့တွေ့မယ်လို့ပြောခဲ့တယ်လေ။ လက်ထပ်ခွင့်တောင်းခဲ့တုန်းကလည်း နင်ပဲ

သူကို ကတိတွေပေးပြီး စည်းရုံးခဲ့တာ။ အခုလည်းအဲ့လိုမျိုး အမေကို ငါနဲ့ကွာရှင်းဖို့

ခွင့်တောင်းဖို့လိုတယ်။ နင်ဒီလိုလုပ်ဖို့ တာဝန်ရှိတယ်။ စာရွက်စာတမ်းတွေက နောက်မှ

လုပ်လို့ရတယ်။ ဘာမှမခက်ဘူး။

 

Ahn: အဲ့လိုဖြစ်မှာ မဟုတ်ဘူး။ မင်းအမေလည်း အလုပ်ရှုပ်တယ်။ ငါလည်းအလုပ်ရှုပ်တာပဲ။

ဒီကိစ္စကိုစီစဉ်ထားသလို အရင်လုပ်မယ် ပြီးရင် မင်းအမေနဲ့ ပြောပေးမယ်။

Goo: နင့်အလုပ်ကိစ္စက ငါ့အမေထက် ပိုအရေးပေးနေတာလား? ဘယ်လောက်တောင်

ရှက်ဖို့ကောင်းလိုက်တဲ့ စကားလဲ။

Ahn: မင်းအမေကို ဖုန်းဆက်ပြီးပြောလိုက်မယ်။ လူချင်းတွေရင် ဘာပြောရမယ်မှန်း

ငါသေချာမသိသေးဘူး။

Goo: နင်တာဝန်ယူသင့်တယ်လေ။ နင်တစ်ကိုယ်ကောင်းဆန်ရင် ငါလည်း ဘယ်သူမျက်နှာမှ

မထောက်တော့ဘူးနော်။ နင်လူချင်းတွေ့ပြီး တောင်းပန်ရမယ်။ လက်ထပ်ဖို့ပြောတုန်းက

ပေးခဲ့တဲ့ ကတိတွေ မတည်နိုင်တဲ့အတွက် နင်တောင်းပန်ရမယ်။ ဘာကပိုအရေးကြီးနေတာလဲ။

အလုပ်ကပိုအရေးကြီးနေတယ်ဆိုရင် ငါနင့်ကို ဒီတိုင်း လက်လွှတ်ပေးမယ် မထင်နဲ့။

 

သူတို့နှစ်ယောက်က ၂၀၁၅က ပြသခဲ့တဲ့ Blood ဆိုတဲ့ ဒရမ်မာအပြီးမှာ စတွေ့ခဲ့ကြပြီး သူတို့

နှစ်ယောက် ဆက်ဆံရေးကို ဧပြီ ၂၀၁၆မှာ အတိအလင်း ကြေညာခဲ့ပြီး နောက်လမှာ

လက်ထပ်ခဲ့ကြပါတယ်။ သူတို့လက်ထပ်ခဲ့တာ သုံးနှစ်ကျော်ကြာခဲ့ပြီဆိုပေမယ့် ကလေးမရခဲ့ပါဘူး။

 

Credit : KoreaBoo