မကြာခင်ပြသတော့မယ့် SBS ဒရမ်မာ Vagabond က Teaser အနေနဲ့ poster တစ်ခုကို ထုတ်ပြလိုက်ပါပြီ။

Vagabond က စုံထောက်ဒရမ်မာအမျိုးအစားဖြစ်ပြီးတော့ ထူးဆန်းစွာ လေယာဉ်ပျက်

ကျတဲ့ အကြောင်းအရင်းနောက်မှာ ဖုံးကွယ်ထားတဲ့ အမှန်တရားကို ရှာဖွေဖော်ထုတ်

နေတဲ့ လူတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။

Action melodrama ဖြစ်ပြီး မိသားစု၊သူငယ်ချင်းနဲ့ ကိုယ်နာမည်ကိုတောင် ဆုံးရှုံး

လိုက်ရတဲ့လူလေလွင့်တွေရဲ့ စွန့်စားခန်းကိုလည်း တွေ့မြင်ရမှာပါ။

လေယာဉ်ပျက်ကျတဲ့ပုံနဲ့ Poster ထွက်လာပြီးနောက်မှာတော့ ပရိသတ်တွေဆီက

စိတ်ဝင်စားမှုရရှိခဲ့ပါတယ်။

Lee Sung Gi ကဒီဒရမ်မာထဲမှာ Jackie Chan ကိုအားကျပြီး အက်ရှင်ကားတွေမှာ

ပါဝင်ဖို့ အိမ်မက်ရှိတဲ့ စတန့်လုပ်တဲ့သူ Cha Dal Gun အနေနဲ့သရုပ်ဆောင်သွားမှာပါ။

ဒါပေမယ့် သူတူလေူကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ သူရည်မှန်းချက်ပြောင်းလဲခဲ့ပါတယ်။

တိုက်ကွမ်ဒို၊ ဂျိုဒို၊ ကန်ဒို၊ လက်ဝှေ့မှာတော်တဲ့ သူအဖြစ် သရုပ်ဆောင်ရမှာဖြစ်တဲ့

အတွက် ခန္ဓာကိုယ်ကို သေချာဂရုစိုက်ပြီး လေ့ကျင့်ခဲ့ရပါတယ်။

ဒီဒရမ်မာက သူအရင်သရုပ်ဆောင်ခဲ့တဲ့ ဒရမ်မာတွေနဲ့ မတူဘဲ ကွဲပြားတဲ့ ဇာတ်ကောင်

ပုံစံဖြစ်တဲ့ အတွက်လည်း အကောင်းဆုံးကြိုးစားထားပါတယ် လို့ပြောခဲ့ပါတယ်။

ဒီဒရမ်မာကို စက်တင်ဘာ ၂၀မှာ စတင်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

 

Credit : Soompi