မင်းသား Kim Soo Hyun က Hotel Del Luna နောက်ဆုံးအပိုင်းမှာ ဧည့်သည်အနေနဲ့ ပါဝင်သရုပ်ဆာင်သွားမယ်လို့ သိရပါတယ်။

ကိုရိးယားနိုင်ငံက မီဒီယာတွေမှာ နောက်ဆုံးအပိုင်းမှာ ကင်ဆိုးဟွန်းက ပါဝင်သရုပ်ဆောင်မယ်

ဆိုတဲ့ အကြောင်း အတိအလင်း ကြေညာထားပါတယ်။ ဘယ်ဇာတ်ကောင်နေရာမှာ ပါမလဲ

ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

ကင်ဆိုးဟွန်းက ကုညီပေးရတဲ့အကြောင်းကတော့ IU နဲ့ရော မင်းသား Yee Jin Goo တို့

နှစ်ယောက်လုံးနဲ့ ရင်းနှီးတဲ့အပြင် ထုတ်လုပ်ရေးဒါရိုက်တာ Oh Choong Hwan နဲ့လည်း

အရင်က My Love From The Star မှာ အတူတူ အလုပ်လုပ်ခဲ့ဖူးတာကြောင့်ပါ။

ကင်ဆိုးဟွန်းက သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ရိုက်ကွင်းမှာ အလည်သွားတာနဲ့ပဲဖြစ်ဖြစ်

ကော်ဖီဝယ်တိုက်တာနဲ့ပဲဖြစ်ဖြစ် အားပေးကူညီခဲ့ပါသေးတယ်။ Hotel Del Luna ရဲ့နောက်ဆုံး

အပိုင်းကို သြဂုတ် ၃၁မှာ ထုတ်လွှင့်ပြသသွားမှာပါနော်။

 

Credit : Soompi