နာမည်ကြီးမင်းသားချောလေးတွေ ဒရမ်မာအသစ်ထွက်တယ်နော်။

ArthdalChronicles season 3

 Season 1နဲ့ 2 ကြည့်ပြီးတဲ့သူတိုင်း Season 3ကို မျှော်နေကြမယ်ထင်ပါတယ်။ လာမယ့်စက်တင်ဘာ

၇ရက်နေ့မှာ စတင်ပြသသွားမှာပါ။ ဒါကနောက်ဆုံး season ဖြစ်တဲ့အတွက် ဘယ်လိုမျိုး အမိုက်စား

ဇာတ်ကွက်တွေကို ကြည့်ရမလဲဆိုတာကို အရမ်းရင်ခုန်နေရပါပြီ။

Flower Crew

မင်းသား Kim Min Jae၊ Seo Ji Hoon၊ Park Ji Hoon နဲ့ Byeon Woo Seok တို့အပြင်

မင်းသမီး Gong Seung Yeon တို့ပါဝင်ထားတဲ့ ဂျိုဆန်ခေတ်က အောင်သွယ်တော်အဖွဲ့

အကြောင်းကို ရိုက်ကူးထားတဲ့ ဒရမ်မာလေးပါ။  စက်တင်ဘာ ၁၆ရက်နေ့မှာ စတင်ပြသမှာ

ဖြစ်ပြီး မင်းသားချောလေး ၄ယောက်ပါတဲ့ ဒီဒရမ်မာကို လက်လွှတ်မခံဘဲကြည့်သင့်ပါနော်။

 

When The Camellia Blooms

ကောင်းတဲ့သူ၊ ဆိုးတဲ့သူ၊ မကြင်နာတဲ့သူ ... အဲ့လိုယောင်္ကျားသုံးယောက်နဲ့ ပတ်သတ်မိတဲ့

ကောင်မလေးတစ်ယောက်ရဲ့ အချစ်ရေးအကြောင်းကို ရိုက်ကူးထားတဲ့ ဒရမ်မာပါ။

မင်းသား Kang Ha Neul နဲ့ နာမည်ကြီး မင်းသမီးချော Gong Hyo Jin တို့တွဲဖက်သရုပ်ဆောင်

တာကို ရင်ခုန်စွာစောင့်မျှော်ကြည့်ရှုရတော့မှာပါ။ စက်တင်ဘာ ၁၈ရက်နေ့မှာ စတင်ပြသမှာပါ။

Vagabond

စုံထောက်ဒရမ်မာအမျိုးအစားဖြစ်ပြီးတော့ ထူးဆန်းစွာ လေယာဉ်ပျက်ကျတဲ့ အကြောင်း

အရင်းနောက်မှာ ဖုံးကွယ်ထားတဲ့ အမှန်တရားကို ရှာဖွေဖော်ထုတ်နေတဲ့ လူတစ်ယောက်

အကြောင်းကို ရိုက်ကူး ထားတာဖြစ်ပါတယ်။ စက်တင်ဘာ ၂၀ရက်နေ့မှာ စတင်ပြသသွား

မှာဖြစ်ပြီး ဒီဒရမ်မာမှာ မင်းသားချော Lee Sung Gi နဲ့အတူ မင်းသမီး Suzy တို့က

အတူတူ သရုပ်ဆောင်သွားမှာပါ။

A Day Found By Chance

စက်တင်ဘာ ၂၅ရက်နေ့မှာ စတင်ပြသမယ့် ဒရမ်မာကတော့ လူကြိုက်များတဲ့ webtoon

ကိုအခြေခံရိုက်ကူးထားတဲ့ Fantasy – Romance ဒရမ်မာလေးပါ။

အထက်တန်းကျောင်းသား ၃ယောက်ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ကြည့်ရှုရမယ့်

ဇာတ်ကားဖြစ်တဲ့အပြင် မင်းသမီး Kim Hye Yoon၊ မင်းသား Ro Woon နဲ့ မင်းသား

Lee Jae Wook တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

Melting Me Softly

ထူးခြားဆန်ပြားတဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုကြောင့် ၂၄နာရီကြာ အအေးခန်းထဲမှာ နေရမယ့်

project ထဲမှာပါဝင်မိတဲ့ ကောင်လေးနဲ့ကောင်မလေး ၂ယောက်က အမှားအယွင်းတစ်ခုကြောင့်

နောင်အနှစ် ၂၀ကျော်မှ နိုးထလာခဲ့ပါတယ်။ အသက်ရှင်ဖို့အတွက် ဘယ်လိုမျိုးအတူတူ

ကြိုးစားခဲ့ရလဲဆိုတာကိုပါ မြင်တွေ့ရမယ့် ရိုမန်ဒရမ်မာလေးပါ။ မင်းသား Ji Chang Wook နဲ့

မင်းသမီး Won Jin A တို့ပါဝင်သရုပ်ဆောင်ထားပြီး စက်တင်ဘာ ၂၈ရက်နေ့မှာ

စတင်ပြသသွားမှာပါ။

The Tale Of Nokdu

စက်တင်ဘာ ၃၀ရက်နေ့မှာ ကြည့်ရမယ့် ဒရမ်မာကတော့ ထူးထူးခြားခြားလေးပါ။ ချမ်းသာတဲ့မိသားစုက

ကြီးပြင်းတဲ့ ကောင်လေးက အ်မ်ကပေးစားတဲ့ ကောင်မလေးငယ်ငယ်လေးနဲ့ မယူချင်လို့ အိမ်ကနေ

ထွက်ပြေးပြီး မိန်းမတစ်ယောက်လို ဟန်ဆောင်ခဲ့တဲ့အပြင် မုဆိုးမတွေနေထိုင်တဲရွာမှာ ပုန်းနေခဲ့ပါတယ်။

အဲ့ရွာလေးမှာ အပျော်မယ်မဖြစ်ချင်တဲ့ ကောင်မလေးတစ်ယောက်နဲ့တွေ့ပြီး သမီးအနေနဲ့ မွေးစားခဲ့တဲ့

အခါမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမယ့် အချစ်ဟာသဇာတ်ကားပါ။

 

ဘယ်ဇာတ်ကားတွေကို ကြည့်ဖို့အဆင့်သင့်ဖြစ်နေပြီလဲ ?