မင်းသမီး Oh Yeon Seo က မင်းသမီး Goo Hye Sun Instagram မှာတင်လိုက်တဲ့ သတင်းအမှားဖြန့်တဲ့ post ကြောင့် တရားစွဲဆိုမှုပြုလုပ်သွားမယ်လို့သိရပါတယ်။

စက်တင်ဘာ ၄ရက် နေ့က မင်းသမီး Goo Hye Sun က သူခင်ပွန်းဟောင်း Ahn Jae Hyun က

နောက်လာမယ့် ဇာတ်ကားမှာ အတူတူသရုပ်ဆောင်မယ့် မင်းသမီး Oh Yeon Seo နဲ့ ချစ်ကြိုက်

နေတယ်လို့ မသင်္ကာဖြစ်နေခဲ့ပါတယ်။ မင်းသား Ahn Jae Hyun က မင်းသမီး Oh Yeon Seo နဲ့

အတူ နောက်ထပ်ထွက်မယ့်  People With Flaws ဒရမ်မာမှာ တွဲဖက်သရုပ်ဆောင်သွားမှာကို

ပရိသတ်တိုင်းသိမယ်ထင်ပါတယ်။

Celltrion Entertainment က ဒီကိစ္စနဲ့ပတ်သတ်ပြီး လုံးဝမဟုတ်ကြောင်း မီဒီယာတွေကို

အတည်အလင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီကိစ္စကို ဘယ် social media မှာမဆို

ရေးသားဖော်ပြရင် ရည်ရွယ်ချက်ရှိရှိ သတင်းအမှားဖြန့်ချိမှုနဲ့ အကုန်လုံးကို တရားစွဲဆို

သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မင်းသမီး Oh Yeon Seo နဲ့အတူ ဒီဒရမ်မာဖြစ်မြောက်ဖို့ လူအများကြီးက ပင်ပန်းခံပြီး

ရိုက်ကူးထားတာဖြစ်ပေမယ့် ဒီသတင်းအမှားဖြန့််နေမှုက ပိုဆိုးလာရင် ဆွေးနွေးညှိနှိုင်းမှု၊

ကျေအေးမှုတွေ လုံးဝမရှိဘဲ တရားစွဲဆိုသွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

Credit : All K-Pop