Daniel က gray နဲ့သူ ဘယ်လိုမျိုး သူငယ်ချင်းတွေ ဖြစ်လာသလဲဆိုတာကို ထုတ်ဖော်ခဲ့ပါတယ်။

Naver Now ရဲ့ အပိုင်း၁၃ Kang Daniel show မှာ Gray က ဧည်သည် အနေနဲ့

အစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ အစီအစဉ်အတွင်းမှာပဲ နားထောင်သူတစ်ဦးက

Gray က Daniel ကိုဘယ်လိုမျိုးသီချင်းပေးဖို့ စဉ်းစားထားလဲလို့ မေးတဲ့အချိန်မှာ

Gray က Daniel ကို သူပေးချင်တဲ့ သီချင်းတွေ အများကြီး ရှိနေပြီ ဆိုပြီး

ပြန်ဖြေခဲ့ပါတယ်။ Daniel ကတော့ Gray က သီချင်းတစ်ပုဒ် သူကိုပေးပြီပါပြီလို့

ပြန်ဖြေခဲ့ပါတယ်။

It’s Dangerous Beyond The Blankets အစီအစဉ် ရိုက်ကူးရင်း Loco က

သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးခဲ့တာပါ။ Daniel နဲ့တွေ့တွေ့ချင်းမှာပဲ

တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုရရှိခဲ့တယ်လို့ ဖြေခဲ့ပါတယ်။

သူတို့နှစ်ယောက် အတူတူထုတ်မယ့်သီချင်းတွေက ဘယ်လိုမျိုးဖြစ်မလဲ

အရမ်းရင်ခုန်နေပါပြီနော်။