အကုန်လုံးက မင်းသား၊မင်းသမီး ဖြစ်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး။

Song Joong Ki

ဒီမင်းသားချောလေးကတော့ စကိတ်အမြန်စီးတဲ့သူ ဖြစ်ချင်ခဲ့တာပါ။ ပြိုင်ပွဲတော်တော်များများ

မှာဝင်ပြိုင်ခဲ့ပြီးတော့ သူမွေးရပ်မြေ Daejeon ကိုယ်စားပြုအနေနဲ့တောင်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။

ဒဏ်ရာရခဲ့ပြီးတဲ့နောက်မှာ အနုပညာလမ်းကြောင်းပေါ်ရောက်လာခဲ့တာပါ။

 

Jung Hae In

သူကတော့ ရေခဲမုန့် ၀ယ်စားရင်း အေဂျင်စီတစ်ခုက သူကို အနုပညာရှင်ဖြစ်ဖို့ ကမ်းလှမ်း

ခဲ့တာပါ။သူက Biotechnology ပညာလက်မှာ ဘွဲ့ရပြီးရင် အလုပ်လုပ်ဖို့ ရည်ရွယ်ထားတဲ့သူပါ။

So Ji Sub

Professional ရေကူးသမားဖြစ်လာဖို့က So Ji Sub ရဲ့ရည်မှန်းချက်ပါ။ ရေကူးသမားဖြစ်ဖို့

၁၁နှစ်တောင် ကြိုးစားခဲ့တဲ့သူဖြစ်ပြီးတော့ ကိုရီးယားနိုင်ငံအဆင့် ပြိုင်ပွဲတွေမှာတောင်

ဝင်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပိုက်ဆံပိုလိုချင်တာကြောင့် မော်ဒယ်ခဏလုပ်ရင်း အခုလို

အောင်မြင်လာခဲ့တာပါ။

Won Bin

မင်းသားကြီး Won Bin က ကားပြင်ဆရာဖြစ်ချင်ခဲ့တာပါ။ ဘယ်အရာကမှ ကားပြင်

ဆရာဖြစ်ဖို့လောက် အရေးမကြီးခဲ့ပါဘူး။  အထက်တန်းရောက်မှ ရုပ်သံလိုင်းတစ်ခုမှာ

အလုပ်လျှောက်ရင်း မင်းသားဖြစ်လာခဲ့တာပါ။

Song Hye Kyo

ဆောင်းဟေကိုက မော်ဒယ်အနေနဲ့ အနုပညာလောကထဲကို မရောက်လာခင်က

ရေခဲပြင်စကိတ် အလှစီးတဲ့သူ ဖြစ်ဖို့ လေ့ကျင့်ခဲ့တဲ့သူတစ်ယောက်ပါ။

အခုချိန်မှာတော့ နာမည်ကြီး ထိပ်တန်းမင်းသမီး ဖြစ်နေပါပြီ။

Lee Min Ho

လီမင်ဟိုက ငယ်စဉ်ကတည်းက အိပ်မက်က ဘောလုံးသမားတစ်ယောက် ဖြစ်လာ

ဖို့ပါ။ ဘောလုံးသမားဖြစ်ဖို့ ကြိုးစားခဲ့ပေမယ့် ဒဏ်ရာရခဲ့တာကြောင့် ရပ်နားခဲ့ရပါတယ်။

အထက်တန်းကစပြီး အနုပညာဘက်ကို လိုင်းပြောင်းလာခဲ့တာပါ။

Jun Ji Hyun

နာမည်ကြီးမင်းသမီးချောလေးကတော့ လေယာဉ်မယ်ဖြစ်ချင်ခဲ့တာပါ။ ကမ္ဘာတစ်ဝန်းကို

လျှောက်သွားဖို့ ဆန္ဒရှိခဲ့သူပါ။ ဒါပေမယ့် လေယာဉ်ပေါ်မှာ ဆိုးရွားတဲ့အရာကို ကြုံတွေ့ပြီးတဲ့

နောက်မှာတော့ လေယာဉ်မယ် ဖြစ်ဖို့ လက်လျော့ခဲ့ပါတယ်။

 

credit : Soompi