Xian က အလိုက်သိပြီး အရမ်းချစ်တတ်တဲ့ ချစ်သူကောင်လေး ပီပီ Kim ကိုပွေ့ချီပြီး လှေကားဆင်းခဲ့ပါတယ်။

စက်တင်ဘာ ၁၄ရက်နေ့က Shangri-La ဟိုတယ်မှာ ကျင်းပခဲ့တဲ့ 2019 ABS-CBN Ball ပွဲ

အခမ်းအနားကို ထုံးစံအတိုင်း ဖိလစ်ပိုင်နိုင်ငံရဲ့ နာမည်ကြီး မင်းသား၊မင်းသမီးစုံတွဲဖြစ်တဲ့

Kim Chiu နဲ့ Xian Lim တို့က တက်ရောက်ခဲ့ပါတယ်။

ချောမောလှပတဲ့ Kim Chiu က ပွဲလာပရိသတ်တွေကို Benj Leguiab IV ချုပ်ပေးထားတဲ့

သူမရဲ့ အမိုက်စားဂါဝန်နဲ့ အားလုံးငေးသွားရအောင် ဖမ်းစားနိုင်ခဲ့ပါတယ်။ Xian Lim

ကလည်း နာမည်ကြီးဒီဇိုင်းနာ ဖန်တီးထားတဲ့ ၀တ်စုနဲ့ အရမ်းကို ကြည့်ကောင်းနေပါတယ်။

Kim ရဲ့ ဂါဝန်လေးက Disney ကာတွန်းတွေထဲက မင်းသမီးတွေဝတ်သလို ဂါဝန်ဖြစ်တာ

ကြောင့် လှေကား အတက်အဆင်းလုပ်တဲ့ အခါ အဆင်မပြေခဲ့ပါဘူး။ အဲ့ဒါကို ရိပ်မိတဲ့ Xian

က အလိုက်သိပြီး အရမ်းချစ်တတ်တဲ့ ချစ်သူကောင်လေး ပီပီ Kim ကိုပွေ့ချီပြီး လှေကား

ပေါ်ကနေဆင်းခဲ့ပါတယ်။

အဲ့ဒီပုံရိပ်လေးကို မှတ်တမ်းတင်းထားတဲ့ ဗီဒီယိုကလည်း အခုချိန်မှာ လူမှုကွန်ရက်အပေါ်

ပျံ့နှံလျက်ရှိပါတယ်။အားလုံးက Kim ကို ကံကောင်းတဲ့ မိန်းကလေးအနေနဲ့ အားကျနေပါတယ်။

အသက်ကွာပေမယ့် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်ရှိတဲ့ သူတို့နှစ်ယောက်က

ချစ်သူသက်တမ်း ၈နှစ်နီးပါးရှိပြီဖြစ်တဲ့အပြင် ပရိသတ်တွေ အရမ်းအားကျရတဲ့ အနုပညာစုံတွဲ

ဖြစ်နေပါပြီ။

 

 

Credit : Cosmopolitan