“ မင်းသမီး Kim Tae Hee နဲ့ မင်းသား Jung Ji Hoon (Rain) တို့ရဲ့ နောက်ထပ် မိသားစုဝင်တစ်ယောက်ကို ကြိုဆိုလိုက်ရအောင်။

မင်းသမီး Kim Tae Hee ရဲ့ အေဂျင်စီက စက်တင်ဘာ ၁၉ရက်နေ့က ဒုတိယမြောက် သမီးကလေး

ကို ကျန်းကျန်းမာမာနဲ့ မွေးဖွားခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စက်တင်ဘာ ၁၉ရက်နေ့ မနက်ခင်းမှာ မင်းသမီး KimTae Hee က ဒုတိယကလေး၊ ကျန်းမာပြီး

ချစ်ဖို့ကောင်းတဲ့ မိန်းကလေးကို ဆိုးလ်မြို့က ဆေးရုံတစ်ခုမှာ မွေးဖွားခဲ့ပါတယ်။ အမေနဲ့သမီး

နှစ်ယောက်လုံး ကျန်းမာရေးကောင်းမွန်တဲ့အပြင် မိသားစုဝင်အားလုံး ဂရုစိုက်မှုကြောင့်  ပျော်ရွှင်

နေကြပါတယ်။

Rain နဲ့ Kim Tae Hee က ဇန်န၀ါရီ ၂၀၁၇မှာ လက်ထပ်ခဲ့ပြီး အောက်တိုဘာ ၂၀၁၇မှာပဲ ပထမဆုံး

သမီးမိန်းကလေးကို မွေားခဲ့ပါတယ်။ အခုဆိုရင် အိမ်ထောင်သက် ၂နှစ်ကျော်မှာ သမီး ၂ယောက်နဲ့

ပျော်ရွှင်တဲ့ မိသားစုကို ပိုင်ဆိုင်နေပါပြီ။

 

Credit - Soompi