ဒီဗေဒင်လေးရဲ့အဖြေကတော့ ကိုယ့်ရဲ့ရည်မှန်းချက်တွေကို အနှောက်အယှက်ပေးမယ့်အရာတွေဖြစ်မှာပါ။

မေးခွန်းလေးကတော့

မိုးပျံပူပေါင်းလေးတွေ အများကြီး ကိုင်လာတဲ့ကလေးက လမ်းကိုဖြတ်လျှောက်လာချိန်မှာ ကိုယ့်နဲ့တိုက်မိတဲ့အချိန်မှာ သူ့ရဲ့ပူပေါင်းထဲက ၁ ခုကို ထိမိလိုက်တယ်။ ဒီပူပေါင်းလေးက ဘယ်လိုပုံလေး ဖြစ်မှာလဲ။

(A) အတိတ်က နှောက်ယှက်နေတာပါ။

ဂဏန်းတွေက ကိုယ့်ရဲ့အတိတ်ပုံရိပ်တွေကို ဖော်ပြနေတာပါ။ အတိတ်မှာ ဆုံးရှုံးမှုတွေ၊ ကျဆုံးမှုတွေ ကြုံတွေ့ခဲ့ရတာကြောင့် အနာဂတ်အတွက် ကြိုးစားဖို့ရန် သတ္တိ၊ အင်အား တွေက ဘယ်ကိုရောက်နေမှန်းမသိတော့ပါ။ ဒီဒဏ်ရာတွေကြောင့် ဘယ်လိုဆက်ပြီး ရင်ဆိုင်ရမလဲကိုတွေး ကြောက်နေလိမ့်မယ်။ အတိတ်ဒဏ်ရာတွေက ကြီးရင်ကြီးသလောက် ဒါတွေကို မေ့ပစ်ဖို့ရန် ခက်ခဲပါလိမ့်မယ်။ ဒါပင်မယ့် ရှေ့ဆက်ရမယ့်လမ်းမှာ အားလုံးက အဆင်ပြေမယ်၊ အောင်မြင်မယ်လို့ တွေးပြီး ဆက်လျှောက်ပါ။

(B) မိဘနှင့်မိသားစု ဖြစ်ပါလိမ့်မယ်။

လိမ္မော်ရောင်ဘောလုံးအဆင်လေးက နေကို ကိုယ်စားပြုပြီး၊ ပတ်ဝန်းကျင်မှာရှိတဲ့ မိဘ နဲ့ မိသားစုဝင်ဆိုလည်း ဟုတ်ပါတယ်။ ဒါကို ရွေးထားသူက မိဘ၊မိသားစုဝင်တွေ ကိုယ့်ရဲ့ရည်မှန်းချက်တွေကို ဖျက်စီးဖို့ရန် အသင့်ဖြစ်နေတတ်ပါတယ်။ သူတို့က ကိုယ့်ကို အနားမှာပဲနေစေချင်နေတာပါ။အဝေးကို ထွက်သွားမှာကို စိုးရိမ်နေကြတာပါ။ ဒါကြောင့် မိဘတွေကို နားလည်အောင် ရှင်းပြဖို့တော လိုအပ်မယ်လို့ထင်ပါတယ်။ ကိုယ်လုပ်မယ့်ကိစ္စတွေကို သေသေချာချာ ရှင်းပြဖို့က အရေးကြီးတဲ့ အချက်တချက်ဖြစ်မှာပါ။ ဒါကို နားလည်သွားရင် သူတို့လည်း ကိုယ့်ကို အားပေးမှာပါ။

(C) သူငယ်ချင်းက နှောက်ယှက်နေတာပါ။

မြှားကတော့ သူငယ်ချင်းဆီကနေ ကိုယ့်ဆီကို ပို့လွှတ်လိုက်တဲ့ စေတနာ၊မေတ္တာတွေ ဖြစ်ပါလိမ့်မယ်။ ဒီပုံလေးကို ရွေးလိုက်တဲ့အတွက် သူငယ်ချင်းကောင်းလို့ဆိုသူတွေက ကိုယ့်ရဲ့ ရည်မှန်းချက်တွေအောင်မြင်မှုတွေကို ဖျက်စီးနေတာပါ။ ကိုယ်ကတော့ လက်ရှိအခြေအနေထက် ပိုကောင်းအောင်ကြိုးစားနေချိန်မှာ၊ သူကတော့ ကိုယ့်ထက်ကို တိုးတက်သွားမှာကို မနာလိုဖြစ်နေမှာပါ။ ဒါကြောင့် ကိုယ့်ကို မလိုသူ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ဖြတ်သင့်ပါတယ်။ သူငယ်ချင်းကောင်းကိုသာ အနားမှာ ရှိပါစေ။

(D) ပတ်ဝန်းကျင် က နှောက်ယှက်နေတာပါ။

ကမ္ဘာလုံးဆိုတာ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို ဖော်ဆောင်နေတာပါ။ အခုရှိနေတဲ့နေရာက ကိုယ့်ရဲ့ရည်မှန်းချက်တွေ အောင်မြင်ဖို့ရန် ခက်ခဲတဲ့နေရာဖြစ်နေပါလိမ့်မယ်။ ပတ်ဝန်းကျင်ကတော့ ကိုယ့်အကြိုက် လိုက်ပြီးပြောင်းပေးမှာမဟုတ်ပါ။ ဒါကြောင့် အောင်မြင်မှုကို ဆုပ်ကိုင်နိုင်ဖို့အတွက်ကတော့ ပတ်ဝန်းကျင်ကို ပြောင်းလဲဖို့ရန် လိုအပ်နေပါပြီ။ နိုင်ငံခြား၊ ရပ်ဝေးကို သွားပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာပါ။ ဒီလိုလုပ်မှသာလျှင် အောင်မြင်မှု၊လမ်းကြောင်းပေါ်ကို ရောက်မှာပါ။

ကိုယ့်ရဲ့ဘဝတက်လမ်းအတွက် ရွေးချယ်ရမှာက မိမိသာလျှင်ဖြစ်ပါတယ်။ဘဝရဲ့ခြေလှမ်း၁လှမ်းက အရာရာကို ပြောင်းလဲစေနိုင်ပါတယ်။ အောင်မြင်ပါစေ။

#ChelmoTeam

#ChelmoUranai