လက်ထပ်ပြီး ၃ နှစ်အကြာတွင် မဂ်လာပွဲ ကျင်းပမည်ဟု သတင်းများ ထွက်ပေါ်နေသည့် EXO အဖွဲ့ဝင် Chen
Exo အဖွဲ့ဝင် Chen သည် အောက်တိုဘာလတွင် သူ၏ဇနီးနှင့်အတူ မင်္ဂလာဆောင်ပွဲအခမ်းအနားကျင်းပလိမ့်မည်ဆိုပြီး သြဂုတ်လ 16 ရက် သတင်းများအရ သိရပါတယ်။
Chen က 2020 ခုနှစ် ဇန်နဝါရီလတွင် လက်ထပ်တော့မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး သူ့ရဲ့ ဇနီးမှာ ကိုယ်ဝန်ရှိနေကြောင်း ပြောကြားခဲ့သည်။
ထိုနှစ် April လတွင် Chen နှင့်သူ၏ဇနီးတို့သည် သူတို့၏ပထမဆုံးသမီးကို ကြိုဆိုခဲ့ကြတယ်။
2020 October မှာဘဲ Chen က စစ်မှုထမ်းခဲ့ပါတယ်။ စစ်မှုထမ်းနေစဉ်မှာဘဲ ဇနီးဖြစ်သူက ဒုတိယသမီးလေး မွေးဖွားခဲ့ပါသေးတယ်။
2022 April မှာ စစ်မှုထမ်းတာကနေ ထွက်လာခဲ့ပြီး အခုဆိုရင် သမီးလေး၂ယောက်ရဲ့ ဖခင် ဖြစ်နေပြီနော်။
၃နှစ်ကြာမှ မဂ်လာပွဲ ကျင်းပမည်ဖြစ်ပြီး မိသားစု, ရင်းနှီးတဲ့သူငယ်ချင်းများ နှင့်အခြား Exo အဖွဲ့ဝင်များနှင့်သာ Private ဆန်ဆန် ကျင်းပကြပါမည်။