၂၀၁၅ မှာ ကိုယ်ကဘာတွေကို ရည်မှန်းပြီး ဘယ်လိုလုပ်သွားသင့်သလိုဆိုတာကို ဗေဒင်ဖြင့် အဖြေရှာကြည့်ရအောင်နော်။

အောက်ကမေးခွန်းကလေးကို ဖြေကြည့်ပေးရင်တော့ အဖြေကို သိရပါလိမ့်မယ်။

မေးခွန်း

သင့်ရဲ့ မျက်စိရှေ့မှာ သိုးပုံ ပန်းချီကားရှိပါလိမ့်မယ်။ ဒီပုံကို အရောင်ပြောင်းမယ်ဆိုရင် ဘာအရောင်ပြောင်းဆိုးမလဲ။

၀၁. ပန်းရောင်
၀၂. အဝါရောင်
၀၃. အပြာရောင်
၀၄. အစိမ်းရောင်
၀၅. ရွှေရောင်

ကဲ စာဖတ်ပရိသတ်ကြီးက ဘာကို ရွှေးချယ်လိုက်သလဲ။ အဖြေရှာကြည့်ရအောင်နော်။

ဒီဗေဒင်မှ သင့်က ၂၀၁၅ ခုနှစ်မှာ ဖြစ်ချင်တဲ့ ရည်မှန်းချက်၊ မျှော်လင့်ချက် ကို သိနိုင်မှာပါ။

 

 

 

အဖြေကတော့ .....

 

 

 

 

 

 

၀၁. ပန်းရောင်း အချစ်ရေးကို အလေးပေးမယ်ပေါ့

သင်ကတော့ အချစ်ရေးကို ဦးစားပေးချင်ပါတယ်။ ၂၀၁၅ မှာ အချစ်ရေးမှာ အဆင်ပြေပြီး ပန်းဝင်ချင်တယ်ဆိုတဲ့ ဆန္ဒရှိနေတာ အမှန်ပါ။
၂၀၁၅ မှာ ချစ်သူမရှိသေးသူများကတော့ ရည်စားရအောင် ကြိုးစားပြီး ချစ်သူတွေကတော့ တစ်ယောက်နှင့်တစ်ယောက် ပိုပြီးချစ်နိုင်အောင် ကြိုးစားပါ။
ပန်းရောင်ကို ရွေးချယ်လိုက်တယ်ဆိုတာက မိန်းကလေးဖြစ်သူဆိုရင် ပိုပြီးမိန်းကလေးပီသလာမည့်နှစ်လည်းဖြစ်ပြီး ယောင်္ကျားလေးဖြစ်ခဲ့ရင်လည်း
မိန်းကလေးတွေကို ပိုပြီး အလေးထားပြီး ဆက်ဆံနေရာပေးနိုင်သူဖြစ်ပါလိမ့်မယ်။

၀၂. အဝါရောင်း ဘာမဆို အားကြိုးမာန်တတ်ကြိုးစားမယ်ပေါ့

သင်ကတော့ ၂၀၁၅ မှာ ဘာမဆို ကြိုးစားပြီး လုပ်ဆောင်သွားမယ်လို့ ရည်ရွယ်ထားသူဖြစ်ပါလိမ့်မယ်။ ဘဝရဲ့အောင်မြင်မှုကိုရအောင် ပိုမိုကြိုးစား
အားစိုက်သင့်သောနှစ်ဖြစ်ပါလိမ့်မယ်။အသက်တွေကြီးလို့ အလုပ်ကြောင့် အချိန်မရှိလို့ဆိုပြီး ဆင်ခြေတွေမပေးပါနဲ့။ သင်က စိတ်ဝင်စားသောအရာကို
ချက်ချင်းဆိုသလို အကောင်အထည် ဖော်သွားရန် အကြံပေးပါရစေ။

၀၃. အပြာရောင်း ပညာရေးနဲ့အလုပ်ကို ကြိုးစားမယ်ပေါ့

သင်ကတော့ ရည်မှန်းချက်တွေအားလုံးကို အောင်မြင်ပြီးမြောက်အောင်လုပ်မယ်လို့ ရည်ရွယ်ထားသူပါ။ ၂၀၁၅ မှာ ပညာရေးနဲ့ အလုပ်မှာ ပိုပြီးကြိုးစားသင့်ပါတယ်။
စိတ်ခံစားမှုအပေါ်မှာ မူတည်ပြီး ဆုံးဖြတ်မူတွေကို ရှောင်ပြီး သေသေချာချာ စိတ်အေးအေးဖြင့် စဉ်းစားဆုံးဖြတ်နိုင်ပါစေ။ အပြာရောင်ကို ရွေးချယ်သူဟာ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကို
ပြောင်းလဲချင်သောသူဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကို ပြင်နိုင်အောင် ကြိုးစားသင့်ပါတယ်။

၀၄. အစိမ်းရောင်း စိတ်ရောကိုယ်ပါ ကျန်းမာအောင်လုပ်မယ်

သင်ကတော့ လာမည့်နှစ်မှာ အေးအေးဆေးဆေးကျော်ဖြတ်ချင်သောသူဖြစ်ပါလိမ့်မယ်။ လက်ရှိအခြေအနေမှာ အခက်အခဲတွေ၊ ပြသာနာတွေကို အမြဲတမ်းဖြေရှင်းနေရပြီး စိတ်ပင်ပန်းနေမှာပါ။
၂၀၁၅ မှာတော့ စိတ်ရော ကိုယ်ပါ ကျန်းမာအောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ကိုထားသင့်ပါတယ်။ လုပ်နိုင်သလောက်သာလုပ်ပြီး ကိုယ့်ကိုကိုယ့် မနှိပ်စက်ပါနဲ့။
စိတ်ပိုင်းဆိုင်ရာ အရမ်းပင်ပန်းလာပြီဆိုရင်တော့ အားရပါးရ ခွင့်ယူပြီး အနားယူလိုက်ပါ။

၀၅. ရွှေရောင်း ရည်မှန်းချက်တွေကို အောင်မြင်အောင်လုပ်မယ်

သင်ကရည်မှန်ထားသော အိမ်မက်တွေကို အကောင်အထည်ဖော်မယ်လို့ ရည်မှန်းထားသော နှစ်ဖြစ်ပါလိမ့်မယ်။ သင့်ရဲ့ခေါင်းထဲမှာ ဒီကိစ္စကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာကို
အမြဲစဉ်းစားနေပုံရပါတယ်။ မဖြစ်နိုင်တဲ့ ရည်မှန်းချက်ပဲဖြစ်ပါစေ။ လက်မလျှော့လိုက်ပါနဲ့ တဖြည်းဖြည်းချင်း ဆက်လက်ပြီး ကြိုးစားလျှောက်လှမ်းပါ။ ဘဝမှာ ဘာဖြစ်မယ်ဆိုတာကို ဘယ်သူမှ
ကြိုပြီးမသိနိုင်ပါ။ ၂၀၁၅ မှာ ကိုယ့်ရဲ့အိမ်မက်တွေ အကောင်အထည် ပေါ်လာပြီး ပြုံးပျော်ရွှင်နေမယ်လို့ ထင်ပါတယ်။ ရွှေရောင်ရဲ့ အဓိပ္ပာယ်ဆိုတာ ပိုက်ဆံဆိုသော အဓိပ္ပာယ်လည်း
သက်ရောက်သောကြောင့် ချမ်းချမ်းသာသာနေချင်တယ်ဆိုတဲ့ ရည်မှန်းချက်လည်းရှိနေမှာပါ။

၂၀၁၅ ခုနှစ်မှာ စာဖတ်ပရိသတ် ညီအကို မောင်နှမများအားလုံး လိုအင်ဆန္ဒများအားလုံးပြည့်ဝကြပါစေလို့ ဤနေရာမှ ဆုတောင်းလိုက်ပါတယ်။

Chelmo Team
Credit. cocoloni
Credit Photo. cocoloni