ဘယ်သွားသွား ကိုယ့်ကို ကြိုက်သူ၊ ရည်စားစကားပြောသူရှိကောင်းရှိပါလိမ့်မယ်။

အထူးသဖြင့် စန်းပွင့်ချိန်ဆိုရင်တော့ ကိုယ့်အနားမှာ ဝိုင်းဝိုင်းလည်နေတဲ့ အတွေ့အကြုံလဲ ရှိကောင်းရှိမှာပါ။

ဒီနှစ်မှာ ကိုယ်ရဲ့ရာသီခွင်က အကောင်းဆုံး စန်းပွင့်ချိန် ဖြစ်မှာလားကိုတာကို စမ်းစစ်ကြည့်လိုက်ကြရအောင်နော်။

ကဲနံပါတ် ၁ နေရာ ကိုရရှိသွားသူက ဘယ်သူဖြစ်မှာလဲ။

၀၁. မိဿရာသီ (Aries) : မတ် ၂၁ ရက်မှ ဧပြီ ၂၀ ရက်အတွင်း

နံပါတ်၁နေရာကို ရရှိသွားသူကတော့ မိဿရာသီခွင်မှာ မွေးသောသူဖြစ်သောသင်ဟာ ၂၀၁၅ နှစ်စပိုင်းမှာ အလွန်ကို စန်းပွင့်ပါလိမ့်မယ်။
စန်းပွင့်လွန်းအားကြီးသောကြောင့် ဘယ်သူကိုရွေးရမလဲဆိုတာကိုတောင် စဉ်းစားယူရတဲ့ အခြေအနေကိုရောက်သွားနိုင်ပါတယ်။
ကိုယ့်စိတ်တိုင်းကျ နှလုံးသားထဲကလက်ခံနိုင်မဲ့သူနဲ့တွေ့နိုင်ဖို့ဆိုရင်တော့ အနုပညာနဲ့ ဆိုင်သောပွဲများကို သွားသင့်ပါတယ်။

၀၂. သိဟ်ရာသီ (Leo) : ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း

နံပါတ်၂နေရာမှာတော့ သိဟ်ရာသီခွင်မှာ မွေးဖွားသောသူသင်ပါပဲ။ စန်းပွင်တဲ့နေရာမှာတော့ နံပါတ်၂နေရာဖြစ်သွားပင်မဲ့လည်း ကိုယ့်ကိုချစ်ကြိုက်ကြောင်း ရည်စားစကားကပြောသူတွေက
တစ်ယောက်ပြီး တစ်ယောက်လာနေမှာဖြစ်တာကြောင့် မင်းသား၊မင်းသမီး တစ်ပါးလိုတောင်ဖြစ်နေမှာပါ။ သင်ဟာမိန်းကလေးဖြစ်မယ်ဆိုရင်တော့ ယောင်္ကျားလေးတွေကို ကြောက်နေတာကြောင့်
ရည်းစားအဆင့်ထံရောက်ဖို့မလွယ်ကူပါ။ ဒါကြောင့် စည်းမျဉ်းလေးတွေကိုနည်းနည်းလျှော့ပြီး သူ့ကိုစဉ်းစားပေးလိုက်ပါ။

၀၃. ကုမ်ရာသီ (Aquarius) : ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း

ကိုယ်နဲ့အလိုက်ဖက်ဆုံးသူနဲ့တွေ့နိုင်မည့် နှစ်ပဲဖြစ်ပါတယ်။ ၂၀၁၅ နှစ်လယ်ပိုင်းအထိ လက်ထပ်ဖို့ကိန်းရှိပါတယ်။ ဒါကြောင့် ရုတ်တရက် သင့်ကို လက်ထပ်ခွင့်တောင်းသူက ပေါ်လာနိုင်ပါတယ်။
ဒါကြောင့် လူငယ်သဘော လွယ်လွယ်နဲ့ ဆုံးဖြတ်တာကြောင့် သေသေချာချာ စဉ်းစားပြီးရွေးချယ်သင့်ပါတယ်။

၀၄. မေထုန်ရာသီ (Gemini) : မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း

စကားပြောကောင်းတာကြောင့် သင့်ကို ချစ်ကြိုက်သူက ပေါ်လာတော့မှာပါ။ တချိန်တည်းမှာလဲ အပြင်အတူတူသွားဖို့ ဖိတ်တဲ့သူတွေလည်းများပါလိမ့်မယ်။
ရင်ထဲက ဖူးစာရှင်နဲ့တွေ့ဖို့ဆိုရင်တော့ အဝါရောင်ပါတဲ့ ပစ္စည်းလေးတွေကို ဆောင်ထားပါ။

၀၅. မကာရရာသီ (Capricorn) : ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း

ဆွဲဆောင်မူအရှိဆုံးအချိန်ဖြစ်ပါလိမ့်မယ်။ သင့်ရဲ့သွားလာလှုပ်ရှားပုံတွေကိုကြည့်ရင်းနဲ့တောင် အချစ်ဆိပ်တွေတက်ပြီး သေသွားနိုင်တဲ့သူတောင်ရှိပါလိမ့်မယ်။
ဒါကြောင့် ယောင်္ကျားဆိုးတွေကိုတော့ သတိထားပါ။

၀၆. ဓနုရာသီ (Sagittarius) : နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အတွင်း

သွားလာလှုပ်ရှားရန် အခွင့်အရေးတွေများလာမှာဖြစ်သည့်အတွက်ကြောင့် ကိုယ်ကြိုက်တဲ့သူနဲ့တွေဖို့ အခွင့်အရေးကများလာပါလိမ့်မယ်။

၀၇. တူရာသီ (Libra) : စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း

ကိုယ်နဲ့အကြိုက်တူ ဝါသနာတူသောသူများထံမှ ချစ်ခွင့်ပန်ခြင်းကို ခံရတတ်ပါတယ်။ ဒါကြောင့် ဝါသနာတူတွေနဲ့တွေနိုင်တဲ့နေရာကို သွားသင့်ပါတယ်။

၀၈. ကရကဋ်ရာသီ (Cancer) : ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၀ ရက်အတွင်း

ပြီးခဲ့သောနှစ်နဲ့ယှဉ်လိုက်ရင်တော့ သိပ်ပြီးစန်းပွင့်မယ်လို့ မထင်ပါ။ဒါပင်မဲ့ အားမငယ်ပါနဲ့။ သင့်ကိုနားလည်ပေးသောသူက ပေါ်လာပါလိမ့်မယ်။

၀၉. မိန်ရာသီ (Pisces) : ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း

ကိုယ့်ကိုကြိုက်တဲ့သူက ပေါ်လာပင်မဲ့ ကိုယ်ကကြိုက်မဲ့သူတော့မဟုတ်ပါ။ အချစ်ရေးမှာ အားနည်းနေတယ်လို့ထင်ရတဲ့အတွက် နည်းနည်းအားစိုက်ကြည့်စေလိုပါတယ်။

၁၀. ဗြိစ္ဆာရာသီ (Scorpis): နိုဝင်ဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း

အချစ်ရေးထက် အလုပ်ကိုစိတ်ဝင်စားနေမှာပါ။ အလုပ်ထဲမှာ ချစ်သူဖြစ်မည့်သူနဲ့တွေ့နိုင်ပါတယ်။ သူကတော့ ကုမ္ပဏီသူဌေး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

၁၁. ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း

ဒီနှစ်မှာတော့ အချစ်ရေးနဲ့ဝေးကွာနေပါလိမ့်မယ်။ အချစ်ရေးမှာစိတ်မပါတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ငွေရောင်ပါတဲ့ အဆောင်တစ်ခုခုကို ဆောင်ထားသင့်ပါတယ်။

၁၂. ကန်ရာသီ (Virgo) : သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း

ဒီနှစ်မှာ စန်းပွင့်ရန်မရှိပါ။ အချစ်ရေးလာဆိုသူကိုလည်း သေသေချာချာ ကြည့်ပြီးမှ ရွေးချယ်စေချင်ပါတယ်။ လူလိမ်၊လူညာ သတိထားပါ။

ချစ်သူရှိပြီးသားသူတွေလည်း စန်းပွင့်တယ်ဆိုတာ ကံကောင်းခြင်းတစ်ခုပါ။ အားလုံးပျော်ရွှင်စေရန် ရည်ရွယ်ပြီး တင်ပြလိုက်ရပါတယ်။

Chelmo Team
Credit. cocoloni
Credit Photo. samanthafoxlmft