relationship ကိုစတင်ရပ်ဆဲသူအများစုမှာ ကိုယ်ကိုတိုင်မသိနိုင်ပေမဲ့ ရာသီခွင်အလိုက်တူညီတဲ့ လိုအင်မပြည့်မှုတွေရှိပါတယ်။

(၁) Aries (March 21 - April 19)

သင့်ချစ်သူက မိဿရာသီဖွားဆိုရင် သူ့ကို မျက်စိအောက်ကအပျောက်မခံနိုင်ပဲ တောက်တဲ့ကပ်သလိုတွယ်ကပ်ခံရတာမျိုးကို သည်းမခံနိုင်ပါဘူး။ ဒီရာသီဖွားတွေက လုံးဝကို အချုပ်အချယ်ကင်းပြီး လွတ်လပ်တာမျိုးကို နှစ်သက်ကြသူတွေပါ။ relationship ရှိပေမဲ့လည်း ကိုယ်ပိုင်လွတ်လပ်မှုကို တန်ဖိုးထားမြတ်နိုးသူတွေဖြစ်တဲ့ အတွက် သူ့ကို ချုပ်ချယ်မွန်းကြပ်စေတာမျိုးကို သည်းခံမှာမဟုတ်ပါဘူး။ သင့်အချစ်ကြောင့် မွန်းကြပ်စေတာကို သိရင်တောင် လက်မခံနိုင်ကြပါဘူး။

(၂) Taurus (April 20 - May 20)

ပြိဿရာသီဖွားချစ်သူ ဆိုရင်တော့ ဂုဏ်သိက္ခာကို ရှေ့တန်းတင်သူဖြစ်ပြီး သူကိုယ်တိုင်အတွက် မြင့်မားတဲ့ စံသတ်မှတ်ချက်တွေရှိတာကြောင့် သူ့ကို မလေးမစားပြုသူမှန်သမျှကို သူ့ဘဝထဲက ထုတ်ပစ်တတ်ကြပါတယ်။ သူက သင့်ကို ဘယ်လောက်ထိပဲ ချစ်ချစ် သူ့ကို မလေးမစားဆက်ဆံတဲ့ ချစ်သူကိုတော့ ဘဝထဲက အပြီိးအပိုင်ထုတ်ပစ်ဖို့ ဝန်မလေးတတ်ကြပါဘူး။ သင်က သူ့ကို စနောက်ပြီးတော့ မလေးမစားလုပ်မိရင်တောင် လက်မခံနိုင်ကြပါဘူး။

(၃) Gemini (May 21 - June 20)

ချစ်သူက မေထုန်ရာသီဖွား ဆိုရင်တော့ ဆိုရှယ်ကျတာကို နှစ်သက်သူ လူအများနဲ့ ပြောဆိုဆက်ဆံရတာကို နှစ်သက်ပြီး အပေါင်းအသင်းဝင်ဆံ့တာမျိုးကို ကြိုက်နှစ်သက်သူဖြစ်တဲ့ အတွက် သင်က anti-social သမား၊ လူတွေနဲ့မရောပဲ တစ်သီးတစ်သန့်နေရတတ်တဲ့ သူမျိုးဆိုရင်တော့ သင်နဲ့ရေရှည်မှာ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ မဖော်ရွေတတ်သူ၊ သူနဲ့အတူ သွားသွားလာလာ အတူမရှိပေးနိုင်တဲ့ လူမျိုးဆိုရင်တော့ ကြာလာရင် သင့်ကို စိတ်ကုန်သွားတာမျိုးဖြစ်နိုင်ပါတယ်။

(၄) Cancer ( June 21 - July 22)

သင့်ချစ်သူက ကရကဋ်ရာသီဖွားဆိုရင် သူက သင်ကတစ်သီးတစ်သန့်နေပြီး သူကို မပြောဆိုပဲ လျို့ဝှက်ထားတာမျိုး၊ ထိန်ချန်ထားတာမျိုးကို မကြိုက်ပါဘူး။ စိတ်ခံစားလွယ်သူတစ်ယောက်ဖြစ်တဲ့ အတွက် သူ့ရဲ့ခက်ခဲတဲ့ အချိန်မျိုးမှာ သင်နဲ့တူတူ စကားတွေပြောပြီးဆွေးနွေးတိုင်ပင်ချင်သူပါ။ ဒါကြောင့် သင်က သူ့ကို လျှိုထားတာမျိုး၊ ပွင့်ပွင့်လင်းလင်း မရှိတာမျိုးဆိုရင် သူတို့လိုချင်တဲ့ နက်နဲတဲ့ စိတ်ခံစားချက်ဆက်နွယ်မှုမျိုးမရတဲ့ အခါ သင့်ကို ထားခဲ့နိုင်ပါတယ်။

(၅) Leo (July 23 - August 22)

သိဟ်ရာသီဖွားချစ်သူကို ပိုင်ဆိုင်ထားတယ်ဆိုရင် သူက အများအာရုံစိုက်ခံရတဲ့သူတစ်ယောက်ဖြစ်သလို သင် သူ့ဆီကနေ လူတွေရဲ့ သတိပြုခံရမှုတွေကို လုယူခံရမှာမျိုးကို မနှစ်သက်ပါဘူး။ ဒါပေမဲ့ လူတွေသတိမထားမိအောင်နေပြန်ရင်လည်း မကြိုက်ကြပြန်ပါဘူး။ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိကြသူတွေဖြစ်ပြီး သူတို့ကို စိန်ခေါ်နိုင်တဲ့ သူမျိုးကိုလည်းပို သဘောကျကျပါတယ်။ သင်က ရှက်တတ်တဲ့သူ၊ တစ်သီးတစ်သန့်နေတတ်တဲ့ သူမျိုးဆိုရင် relationship မှာ စိတ်လှုပ်ရှားဖို့ မကောင်းဘူးလို့သူက ယူဆတာကြောင့် ပိုပီး သတ္တိရှိ၊ ရဲဝင့်တဲ့သူမျိုးဖြစ်အောင် သင်ကြိုးစားဖို့လိုပါလိမ့်မယ်။

(၆) Virgo (August 23 - September 22)

ကန်ရာသီဖွားကို ချစ်သူတော်ထားတယ်ဆိုရင် သူက ရည်မှန်းချက်ပြည့်ဝတဲ့သူ၊ အောင်မြင်ဖို့ကြိုးစားလိုသူ၊ နောက်ထပ် ပိုကောင်းတဲ့ အရာရလိုသူ ဖြစ်သလို သူ့ရဲ့လက်တွဲဖော်ကိုလည်း သူ့လို ရည်မှန်းချက်ကြီးပြီး ကိုယ်ပိုင်အိပ်မက်၊ ရည်မှန်းချက်ပန်းတိုင်ရှိသူမျိုးကို လိုချင်ကြပါတယ်။ ဒါတွေက သူ့ရဲ့အဓိကလိုအင်ဖြစ်တာကြောင့် သင်က အဲဒီလိုမျိုးမဟုတ်ရင် ထားသွားခံရနိုင်ပါတယ်။

(၇) Libra (September 23 - October 22)

တူရာသီဖွားချစ်သူက အမြဲအကောင်းမြင်လိုစိတ်ရှိသူ မနက်ဖြန်တိုင်းဟာ ပိုကောင်းတဲ့နေ့တစ်နေ့ဆိုတာမျိုးကို တွေးထင်တဲ့သူမျိုးပါ။ ဒါကြောင့် အရာရာတိုင်းကို မကောင်းမြင်စိတ်များသူ ဒရာမာတွေချိုးလွန်းသူဆိုရင် သူနဲ့လုံးဝအဆင်ပြေမှာမဟုတ်ပါဘူး။ ကောင်းမွန်တဲ့တုံ့ပြန်ခံစားမှုမျိုးကိုသာလိုချင်တဲ့ သင့်ချစ်သူအတွက် သင်က မကောင်းမြင်စိတ်များတဲ့သူတစ်ယောက်ဆို သင့်ကိုထားခဲ့တဲ့ အကြောင်းတွေထဲက အဓိက အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။

(၈) Scorpio (October 23 - November 21)

သင့်ချစ်သူက ဗြိစ္ဆာရာသီဖွားဆိုရင် သင့်ရဲ့အပြစ်အနာအဆာ၊ ချှို့ယွင်းမှုအားလုံးကို လက်ခံနိုင်တဲ့သူမျိုးပါ။ သူတို့လုံးဝလက်မခံတဲ့ အရာတစ်ခုပဲရှိပါတယ်။ သူတို့ကိုလိမ်ညာတာကိုပါ။ သင့်ရဲ့လိမ်ညာမှုက အဖြူရောင်မုသားသတ်သတ်ဆိုရင်တောင် သင်သူ့ကို ဆုံးရှုံးရဖို့များပါတယ်။ ရိုးသားမှုနဲ့ ပွင့်လင်းမှုကို မက်မောကြသူဖြစ်တဲ့အလျောက် လက်တွဲဖော်က လိမ်ညာတာမျိုးကို လုံးဝခွင့်မလွှတ်တတ်ပါဘူး။

(၉) Sagittarius (November 22 - December 21)

ပျင်းရိတတ်သူတစ်ယောက်ကို ချစ်သူတော်ဖို.ဆိုတာ ဓနုရာသီဖွားတစ်ယောက်အတွက်တော့ လမ်းခွဲဖို့လုံလောက်တဲ့ အကြောင်းရင်းတစ်ခုပါ။ ဓနုရာသီဖွားတွေက အမြဲတက်ကြွပြီး စွန့်စားခန်းအသစ်တွေကို အမြဲရှာဖွေနေသူတွေဖြစ်တဲ့အတွက် သင်က သူနဲ့အတူထပ်တူမလိုက်လုပ်နိုင်ရင် သင်မပါလည်း သူကြိုက်နှစ်သက်တဲ့ အရာတွေ ဆက်လုပ်သွားဖို့ဝန်မလေးကြပါဘူး။

(၁၀) Capricon (December 22 - January 19)

တာဝန်မဲ့တတ်သူ၊ မသိတတ်သူမျိုးနဲ့ မကာရရာသီဖွားမျိုးနဲ့ ရေရှည်မှာ လက်တွဲဖို့မဖြစ်နိုင်ပါဘူး။ မကာရရာသီဖွား သင့်ချစ်သူက သူ့ကို အမြဲတစ်စေဂရုစိုက်ခံနေရတာကိုမှ ကြိုက်နှစ်သက်သူတွေဖြစ်ပါတယ်။ သူတို့ဂရုစိုက်သလို သူများကလဲဂရုစိုက်တာခံချင်ကြပါတယ်။

(၁၁) Aquarius ( January 20 - February 18)

အများနဲ့ မတူ၊ တစ်မူထူးခြားတဲ့ စိတ်ကူးအကြံအစည်တွေ၊ စိတ်ကူးအိပ်မက်တွေရှိသူ ၊ အစဉ်အလာတွေအတိုင်း မလိုက်နာလိုသူ ကုမ်ရာသီဖွားတွေအနေနဲ့ လက်တွေ့ဆန်လွန်းသူမျိုးကို၊ သူတို့ရဲ့ ဖန်တီးနိုင်စွမ်းရှိတဲ့ စိတ်ကူးတွေကို အားပေးအားမြှောက်မပြုသူမျိုးကို ရေရှည်မှာ လက်တွဲဖို့မဖြစ်နိုင်ကြပါဘူး။

(၁၂) Pisces ( February 19 - March 20)

မိန်ရာသီဖွားတွေက စိတ်ခံစားလွယ်တဲ့သူတွေဖြစ်တာကြောင့် သူတို့အပေါ်မှာ မငဲ့ကွက်သူတွေ၊ သူတို့ခံစားချက်တွေကို ဂရုမစိုက်တဲ့ သူမျိုးဆိုရင် အနားကနေထွက်သွားဖို့ သူတို့အတွက်လုံလောက်တဲ့ အကြောင်းရင်းကောင်းတစ်ခုဖြစ်နိုင်ပါတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့သူမျိုးနဲ့ အဆင်မပြေနိုင်ဘဲ သူတို့အပေါ်မှာ ကြင်နာတတ်တဲ့ သူမျိုးနဲ့ပဲ ရေရှည်အဆင်ပြေနိုင်မှာဖြစ်ပါတယ်။

#ChelmoTeam

#Fortune