စိတ်ခွန်အားတွေကို ပြန်ဖြည့်လိုက်ရအောင်။

၀၁.အဆင်မပြေဖြစ်တဲ့အချိန်ဆိုတာ ကြိုးစားနေလို့ပါ

၀၂.သစ္စာဖောက်သွားတယ်ဆိုတာ ယုံကြည်မိခဲ့လို့ပါ

၀၃.အသဲကွဲနေတယ်ဆိုတာ ချစ်ခဲ့မိလို့ပါ

၀၄.ပင်ပန်းတယ်ဆိုတာ ကြိုးစားနေလို့ပါ

၀၅.မအောင်မြင်တာဟာ စွန့်စားခဲ့လို့ပါ

၀၆.မလုပ်တော့ရင်ကောင်းမလားလို့တွေးနေတာဟာ ရည်းမှန်းချက်ကို အရှုံးမပေးချင်လို့ပါ

၀၇.အမှန်အတိုင်းဖွင့်မပြောနိုင်တာက ချစ်နေသေးလို့ပါ

၀၈.မလုပ်တော့ဟု ဆုံးဖြတ်လိုက်တာဟာ အဆင်မပြေတော့လို့ပါ

၀၉.ရပါတယ်လို့ပြောလိုက်ပင်မဲ့လည်း တကယ်တော့ အဆင်မပြေပါ

၁၀.နေတိုင်းအေးတိအေးစက်နေတယ်ဆိုတာ အတိတ်မှာပြဿနာရှိခဲ့လိုပါ

၁၁.အမြဲတမ်းရယ်နေတဲ့သူဟာ အတိတ်မှာ အများကြီး ငိုခဲ့ရလို့ပါ

၁၂.ကိစ္စမရှိပါဘူးလို့ပြောနိုင်သူကတော့ မနိုင်တဲ့ဝန်ကို ထမ်းဆောင်နေတတ်လို့ပါ

၁၃.အမြဲတမ်းရတယ်လို့ပြောနေတဲ့သူကတော့ အမြဲတမ်းသည်းခံနေလို့ပါ

၁၄.လောကကြီးကိုနားလည်သောသူဟာပျော်အောင်နေတတ်ပြီး လူတွေကိုလည်းနားလည်တယ်

၁၅.ကြိုးစားနေတဲ့သူဟာ အနာဂတ်ရဲ့ရည်မှန်းချက်ကိုဝေငှလေ့ရှိပြီး ပျင်းတဲ့သူကတော့ အတင်းပြောလေ့ရှိ၏

၁၆.ငိုချင်ရင် ငိုလိုက်ပါ။လိုအပ်ရင် သူတပါးရဲ့အကူအညီကိုတောင်းခံပါ

၁၇.သည်းခံလွန်သွားရင်လည်း သည်းမခံပါတော့နဲ့။စိတ်မပါပဲ
ရယ်ရတာမောလာရင်လည်း မရယ်ပါတော့နဲ့

၁၈.မနက်ဖြန်ပြုံးပျော်နေရမှာလားလို့တွေးနေတာထက်စာရင် မနက်ဖြန်ပြုံးပြုံးလေးနေမယ်ဆိုပြီးစိတ်လေးကိုပြင်လိုက်ပါ

၁၉.ပင်ပန်းလာလို့ခဏနားတာဟာ မကောင်းတဲ့ကိစ္စမဟုတ်ပါ။ခဏအနားယူပြီး ဆက်ကြိုးစားပါ

 

#ChelmoTeam