မျက်လုံးတွေဆိုတာက ကျွန်ုပ်တို့ရဲ့ အတွေးတွေနဲ့ စိတ်က လွှမ်းမိုးထားတဲ့ အတိုင်း အရာဝတ္တုတွေကို သတိမူမြင်မိတတ်ကြပါတယ်။

ပုံမှာ သင်ပထမဆုံး မြင်လိုက်တာတာက ဘာပါလဲ?

(၁) ခွေး

ခွေးကို အရင်ဆုံးမြင်ရင်တော့ သင်က အမြဲလိုလို ရှုပ်ထွေးလွန်းလှတဲ့ အသေးစိတ်အချက်အလက်၊ အသေးအဖွဲလေးကအစ ရှာဖွေသိလိုစိတ်ရှိတဲ့ သူဖြစ်ပါတယ်။ ခွေးဆိုတာက သစ္စာရှိခြင်း၊ သာယာအေးချမ်းမှု နဲ့ တည်ငြိမ်မှု တို့ရဲ့ ပြယုဒ်တစ်ခု ပဲဖြစ်ပါတယ်။ ခွေးကို အရင်မြင်ခြင်းက သင့်ရဲ့လက်တွဲဖော်မှာပါ အဲဒီအရည်အသွေးတွေကို ရှာဖွေလေ့ရှိသူပါ။ ဘဝရဲ့ အတွေ့အကြုံတွေကို ရင်ဆိုင်ဖြတ်သန်းရာမှာလည်း သင့်ကိုယ်သင် အေးအေးချမ်းချမ်း ရင်ဆိုင်လေ့ရှိသူဖြစ်ပြီး သင်လိုအပ်နေတဲ့သူကလည်း သင်နဲ့ အေးအတူပူအမျှ မျှဝေခံစားပေးနိုင်မဲ့ သူမျိုးပဲဖြစ်ပါတယ်။ လေးစားမှု၊ အသိအမှတ်ပြုမှုကို မြတ်နိုးတန်ဖိုးထားသူဖြစ်တဲ့ အလျောက် အခြားသူတွေကိုလည်း နေရာပေး၊ အလေးပေး ဆက်ဆံတတ်သူဖြစ်ပါတယ်။ သင်အခု လိုအပ်နေတာကလည်း သင့်ကို တန်ဖိုထားမြတ်နိုးပီး သင့်ရဲ့ ပျော်ရွှင်အေးချမ်းမှုတွေကို မျှဝေပေးလို့ရမယ့်သူမျိုးပဲဖြစ်ပါတယ်။

(၂)မျက်နှာ

သင်က မျက်နှာကို အရင်ဆုံးမြင်တယ် ဆိုရင် သင့်ဘဝအတွက် အမြဲတစ်ဆင့်မြင့်တဲ့ နေရာကိုပဲရောက်ဖို့ရည်မှန်းသူပါ။ သင့်ဘဝမှာ အရာအားလုံးရှိပြီးသားပါ။ သင့်မှာ ရည်မှန်းချက်ပန်းတိုင်တွေ၊ အိပ်မက်တွေရှိပြီးသားဖြစ်သလို ဘယ်လိုအောင်မြင်အောင်လုပ်ယူရမလဲ ဆိုတာပါသိတဲ့သူပါ။ ဘဝမှာ ရည်မှန်းချက်တွေအပေါ်မှာပဲ ပြတ်ပြတ်သားသားအာရုံစူးစိုက်လေ့ရှိပြီး ကျန်တဲ့ ဘယ်အရာကမှ ဒါတွေလောက် သင့်အတွက်အရေးမကြီးဘူးလို့ခံယူထားသူပါ။ ဒါပေမဲ့ သင့်နှလုံးသားရဲ့နက်နဲတဲ့နေရာတစ်ခုမှာတော့ သင်ဟာ သင့်ဘဝဆီကနေ ဒီထက်ပိုရသင့်သေးတယ်ဆိုတဲ့ အသံမျိုးတွေကြားယောင်နေတာပေါ့-ဒါက ဘယ်လိုအရာမျိုးလဲဆိုတော့ ငွေကြေး၊ ပစ္စည်းဥစ္စာနဲ့ တိုင်းတာရယူလို့မရတဲ့အရာပေါ့။

သင့်အတွက် လိုအပ်နေတာကတော့ အချစ်ပါ။- တရားထိုင်ဖို့အတွက်အချိန်ပေးပါ။ ညင်သာသိမ်မွေ့ပါ။ သင့်ရဲ့ ခံစားချက်တွေအတွက် စိတ်ကို ဖွင့်ဟထားလိုက်ပါ...သင့်ရဲ့နှလုံးသားကို တံခါးပိတ်သော့ခတ်ထားတာမျိုးထက်..နှလုံးသားအလိုအတိုင်း လိုက်ပါစီးမျောကြည့်ပြီးနောက် သင်ရှာဖွေနေတဲ့ အရာကို သဘောပေါက်နားလည်လာပါလိမ့်မယ်။

#ChelmoTeam
#Fortune