Chelmo News Portal

Top Menu

  • About Us
  • Contact Us

Main Menu

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • About Us
  • Contact Us

logo

Chelmo News Portal

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • ၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

Beauty
Home›Beauty›Glass skin ရရှိပိုင်ဆိုင်ဖို့ ဘယ်လို လုပ်ကြမလဲ

Glass skin ရရှိပိုင်ဆိုင်ဖို့ ဘယ်လို လုပ်ကြမလဲ

By Kyaw Hein
January 23, 2020
18246
0
Share:

မိန်းကလေးတွေ အားလုံး မိတ်ကပ် ဘယ်လောက်ပဲ လှအောင်လိမ်းခြယ်ပါစေ အောက်ခံ အသားအရေ မကောင်းရင် ဘယ်လိုမှ အဆင်မပြေပါဘူးနော်။ ပျိုမေတို့အားလုံး ပိုင်ဆိုင်ချင်ကြတဲ့ glass skin ကို ရရှိအောင် ဘယ်လို ပြုလုပ်ရမလဲ ဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။

 

(၁) Double Cleansing

Glass skin ပိုင်ဆိုင်ချင်တဲ့ ပျိုမေတို့ အတွက် ပထမဆုံး အရေးကြီးတဲ့ အချက်ကတော့ မျက်နှာသေချာသစ်ဖို့ လိုအပ်တာပဲ ဖြစ်ပါတယ်။ မျက်နှာသစ်တဲ့ နေရာမှာလည်း အပြင်းစား မျက်နှာသစ် ဆပ်ပြာတွေကို အတတ်နိုင်ဆုံး ရှောင်သင့်ပါတယ်။ ညအိပ်ရာ မဝင်ခင်မှာတော့ မိတ်ကပ်တွေကို သေချာဖျက်ပြီး မျက်နှာကိုစင်ကြယ်အောင် သစ်ဖို့ လိုအပ်ပါတယ်။ မျက်နှာသစ်ရင်လည်း facial foam ကိုလိုအပ်တဲ့ ပမာဏ ထက်ပိုပြီး အသုံးမပြုသင့်ပါဘူးနော်။ ရေနွေးအပူကြီး နဲ့ မျက်နှာသစ်တာကလည်း သင့်အသားရေ ကို ခြောက်သွေ့ စေတတ်ပါတယ်။

(၂) Exfoliate

ဒီတစ်ဆင့်ကတော့ နေ့တိုင်း လုပ်စရာ မလိုတဲ့ မျက်နှာဂျီးချွတ်တဲ့ အဆင့်ပဲ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ မျက်နှာကို စင်ကြယ်အောင်သစ်သစ် မမြင်နိုင်တဲ့ ချွေးပေါက်တွေထဲမှာ ဖုန်မှုန့်တွေ ဂျီးတွေ ရှိနေတတ်ပါတယ်။ အဲ့တာကြောင့် ဘယ်လောက်ပဲ skin care တွေလိမ်းလိမ်း glass skin ဖြစ်မလာတဲ့ အချက်က မျက်နှာဂျီးချွတ်တာ မပြုလုပ်လို့ပါ။ တစ်ပတ်ကို ၂ ခါ မျက်နှာဂျီးချွတ်ဖို့ လိုအပ်ပါတယ်နော်။

(၃) Sheet Mask

Glass skin ဖြစ်အောင် အထောက်အကူပြုမယ့် နောက်တစ်ချက်ကတော့ sheet mask ကပ်ပြီး ရေဓာတ်ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် Sheet mask တွေမျိုးစုံထုတ်နေကြပြီမလို့ ကိုယ့်အသားအရေနဲ့ လိုက်ဖက်မယ့် sheet mask ကိုရွေးချယ်ပြီး ကပ်ပေးရုံပဲနော်။ ဒီတဆင့်ကိုကြတော့ ၂ရက်ခြား တစ်ခါ ပြုလုပ်ပေးသင့်ပါတယ်။

(၄) Toner

အဓိက မျက်နှာသစ်ပြီးရင် Toner လိမ်းပေးရမယ်နော်။ Toner က မျက်နှာကို ထပ်မံသန့်စင်ပေးတဲ့ အရည်တစ်မျိုး ဖြစ်ပါတယ်။ မျက်နှာသစ်ပြီး ရင်တောင် ကျန်နေတဲ့ အညစ်အကြေးတွေကို toner က ကောင်းကောင်း ဖယ်ရှားပေး နိုင်ပါတယ်။ နောက်ပြီး အဆီပြန်ခြင်း လည်း ကင်းဝင်း စေနိုင်ပါတယ်။ Toner မှာလည်း အဆီပြန်တဲ့ အသားအရေ အတွက်၊ ဝက်ခြံ ပေါက်တတ်တဲ့ အသားအရေ အတွက်၊ အသားခြောက် တတ်တဲ့ အသားအရေ အတွက် စသဖြင့် အသားအရေ အလိုက် အမျိုးအစား များစွာရှိပါတယ်။

(၅) Moisturizer

နောက်ဆုံး အဆင့်အနေနဲ့ အရေးကြီးဆုံး အချက်ကတော့ ရေဓာတ်ပြည့်၀ အောင် moisturizer လိမ်းပေး ရမှာ ဖြစ်ပါတယ်။ Moisturizer ကို နေ့စဉ် ပုံမှန်လိမ်းပေး သင့်ပါတယ်။ မျက်နှာက ရေဓာတ်ပြည့်၀ နေမှ စိုစိုကြည်ကြည်လေးနဲ့ glass skin ကိုပိုင်ဆိုင်နိုင် မှာနော်။

ကဲ…….ပျိုမေတို့ရေ glass skin ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ အပေါ်က အရေးကြီးဆုံး ၅ချက်ကို သေချာလေး လိုက်လုပ်ကြ ရအောင်နော်။

Previous Article

2020မှာ ခေတ်စားလာမယ့် Makeup Look များ

Next Article

ဓာတ်ပုံရိုက်ရင် ဘာဝတ်ရမှန်း မသိတဲ့ ပျိုမေတွေ အတွက် နည်းလမ်းကောင်းများ

Share:

Related articles More from author

  • Beauty

    ချွေးပေါက်ကျဉ်းအောင် ဘယ်လိုပြုမူနေထိုင်ကြမလဲ?

    July 6, 2020
    By Kyaw Hein
  • Beauty

    သင့်မျက်နှာ အရေပြားအမျိုးအစားကို ဘယ်လိုသိနိုင်မလဲ

    May 28, 2020
    By Kyaw Hein
  • BeautyExclusive

    4th Generation ထဲမှာ အချောဆုံး အလှဆုံး Girl Group member အဖြစ်သတ်မှတ်ခံနေရတဲ့ NMIXX’s Sullyoon

    March 3, 2023
    By Kyaw Hein
  • Beauty

    မျက်နှာအတွက် ရေခဲတုံး၏ အသုံးဝင်ပုံ

    May 21, 2020
    By Kyaw Hein
  • BeautyExclusiveHot

    ပဲရစ်မြို့မှာ Dua Lipa နဲ့တွေ့ဆုံခဲ့တဲ့ Stray Kids အဖွဲ့က Felixနဲ့ Hyunjin

    September 9, 2022
    By Zue Zue
  • BeautyExclusive

    Group’s Comeback အတွက် ဆံပင် Strawberry Blonde အရောင် ဆိုးပစ်ခဲ့တဲ့ Girls’ Generation’s Sooyoung

    June 17, 2022
    By Kyaw Hein

YOU MIGHT BE INTERESTED

  • ExclusiveHot

    HBO ရဲ့ရုပ်သံဇာတ်လမ်းတွဲ “The Idol” ကို ရိုက်ကူးနေစဉ်အတွင်း ဒဏ်ရာရရှိခဲ့တဲ့ Jennie

  • Exclusive

    December 18 မှာ ထွက်ရှိလာတော့မယ်လို့ Rumour တွေထွက်နေတဲ့ Wang Yibo နဲ့ Zhao Li Ying တို့ရဲ့ “The Legend of Fei”

  • BeautyExclusiveFashion

    ဆံပင်ပုံစံအသစ် ပြောင်းပြီး ပရိတ်သတ်တွေကို Surprise တိုက်လိုက်တဲ့ Song Ji Hyo

Timeline

  • February 20, 2024

    Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

  • February 2, 2024

    Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

  • January 15, 2024

    TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

  • January 5, 2024

    New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

  • December 29, 2023

    2024 မှာ ကြည့်ရမယ့် Park Shin Hye နဲ့ Park Hyun Sik တို့ရဲ့ ရုပ်ရှင်ကားအသစ် “Doctor Slump”

Find us on Facebook

logo

Chelmo ကုမ္ပဏီ၏ စီးပွားရေး ကဏ္ဍတစ်ခု အနေဖြင့် Chelmo သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

Chelmo မှ စာဖတ်သူပရိသတ်များအတွက် တန်ဖိုးလည်းရှိပြီး အကျိုးရှိစေမည့် သတင်းမှစ၍ အထောက်အကူပြု ဆောင်းပါးများ၊ ပျော်စရာသတင်းလေးများကို နေ့စဉ်မပြတ် တင်ပြလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်
  • Recent

  • Popular

  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

    By Kyaw Hein
    February 2, 2024
  • TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

    By Kyaw Hein
    January 15, 2024
  • New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

    By Kyaw Hein
    January 5, 2024
  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

    By Kyaw Hein
    October 21, 2019
  • အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

    By Kyaw Hein
    October 21, 2019
  • Celebrity တွေရဲ့အမိုက်စား ဝိတ်ချနည်းများ

    By Kyaw Hein
    October 21, 2019

Follow us

Reach us

  • No.23, Room No. 1_08, Sky suites, Yanshin Rd, Yankin Tsp, Yangon.
  • +95-9-9543 55430
  • [email protected]
Copyright © 2019-2022 Chelmo.tips. All rights reserved.