Homemade Hand Gel ပြုလုပ်နည်း
အိမ်ထဲမှာရှိနေတဲ့အတောအတွင်း ပိုက်ဆံလဲအများကြီးကုန်စရာမလိုတဲ့ Homemade Hand Gel လေးလုပ်ကြည့်ရအောင်နော်။ ပါဝင်ပစ္စည်းတွေကလဲ အများကြီးမလိုတဲ့ အပြင် လုပ်ရတာလဲ အရမ်းလွယ်ပါတယ်။ ဘယ်လိုလုပ်မလဲ ကြည့်လိုက်ရအောင်နော်။
1.အရက်ပြန်ကို များများထည့်ပါ။
2.ပြီးရင် ရှားစောင်းလက်ပတ်Gel အနည်းငယ်ကိုရောထည့်လိုက်ပါ။ ရှားစောင်းလက်ဖက်ထည့်ထားတော့ အသားအရေကိုလဲ ထိန်းသိမ်းထားပြီးသား ဖြစ်ပါတယ်နော်။
3.အရက်ပြန်ကြောင့် အသားခြောက်တာတွေ၊ အသားအရည်ပျက်စီးတာတွေ ပြန်ကာကွယ်တဲ့ အနေနဲ့ အလှဆီကို လက်ဖက်ရည်ဇွန်း(၃)ဇွန်းစာလောက် ထည့်ပါ။
4.ပြီးရင်တော့ အကုန်လုံးကို သေချာမွှေပြီး ဗူးခွံအလွတ်ထဲ ထည့်လိုက်ရုံပါပဲနော်။
အခုဆို အကုန်အကျလဲ သက်သာပြီး လွယ်ကူအဆင်ပြေတဲ့ Hand Gel လေးလုပ်လို့ရသွားပါပြီနော်။ အားလုံးပဲ ကျန်းကျန်းမာမာရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။