Disney + မှာ ပြသမယ့် The Mandalorian စီးရီး Trailer ထွက်လာ
Disney က ထုတ်လုပ်ပြသမယ့် Star Wars စီးရီးရဲ့ ရှိုးအသစ်ဖြစ်တဲ့ The Mandalorian ရဲ့ Disney + ကို ထုတ်လုပ်ဖို့ ရက်သတ္တပတ်အနည်းငယ်အလိုမှာပဲ ထုတ်ဖော်လိုက်ပါပြီ။
Trailer အသစ်မှာ စိတ်ဝင်စားဖို့ ကောင်းတဲ့ ပြကွက်၊ ရိုက်ကွက်တွေနဲ့အတူ အာကာသအတွင်း စွန့်စားခန်းတွေ ပါဝင်လာပါတယ်။ Star Wars : Episode VI – Return of The Jedi နဲ့ Star Wars: The Force Awakens တို့ ကြားကာလအတွင်းက အဖြစ်အပျက်တွေကို ရိုက်ကူးပြသမယ့် စီးရီးအသစ်မှာ Game of Thrones သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Pedro Pascal က အဓိကဇာတ်ကောင်နေရာမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ The Mandalorian စီးရီးဟာ ပရိတ်သတ်အကြိုက်ကာရိုက်တာ တွေဖြစ်တဲ့ Boba Fett နဲ့ အဖေဖြစ်သူ Jango တို့ရဲ့ ဇာတ်ကောင်တွေကို အများအပြား မှီငြမ်းပြုထားကြောင်းလဲ သိရပါတယ်။
စီးရီး ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Jon Favreau ရဲ့ ပြောကြားချက်အရ ရှိုးဟာ ပို Dark ဖြစ်၊ ပိုအမှောင်ပိုင်းဆန်တဲ့ Star Wars ပုံစံသစ်တစ်မျိုးကို တွေ့မြင်ရမှာ ဖြစ်ကြောင်းပြောခဲ့ဖူးပြီး Trailer အရလည်း ပုံစံက Mad Max လို သဲကန္တာရအတွင်း တိုက်ခိုက်တဲ့ ပုံစံမျိုးကိုတွေ့ခဲ့ရပါတယ်။
The Mandalorian ဟာ Disney+ ရဲ့ မျှော်လင့်ချက်များစွာနဲ့ ပရောဂျက်အသစ်ဖြစ်တာကြောင့် ဘတ်ဂျက်ကို ဒေါ်လာ သန်း၁၀၀ နီးပါးအသုံးပြုထားကြောင်း Disney CEO ဖြစ်သူ Bob Iger ကပြောခဲ့ပါသေးတယ်။ တစ်ပတ် တစ်ပိုင်း ထုတ်လုပ်သွားမယ့် စီးရီးသစ်ဟာ ဒီဇင်ဘာမှာ ရုံတင်ပြသမယ့် Star Wars ရဲ့ နောက်ဆုံးထွက် ဇာတ်ကား The Rise of Skywalker ရုံတင်ရက်မတိုင်မီ Season 1 ကို အပြီးသတ်ဖို့ ရှိကြောင်း သိရပါတယ်။
Ref: The Verge