ဂျယ်ဂျူကျွန်းအကြောင်း သိကောင်းစရာများ
ကိုးရီးယားကားတွေထဲ ဂျယ်ဂျူကျွန်းကတော့ ခနခန တွေ့နေကျဘဲနော်။ ဒါပေမယ့် ဂျယ်ဂျူကျွန်းရဲ့ အထင်ကရနေရာတွေ၊ သွားလည်သင့်တဲ့နေရာတွေ လုပ်ကိုလုပ်ရမယ့် အရာတွေတော့ သိပ်မသိကြတာမို့ ဒီနေ့တော့ ဂျယ်ဂျူကျွန်းကို အလည်သွားကြမယ်နော်။
ဂျယ်ဂျူကျွန်းမှာ မဖြစ်မနေ လုပ်ဖူးသင့်တဲ့အရာလေးတွေအကြောင်း ပြောပြမယ်နော်၊
(၁) နေထွက်ချိန်
Seongsan Ilchulbong Peak ကနေ နေထွက်ချိန်ကြည့်ရင် တအားလှတာနော်။ ကမ်းခြေမှာ အနက်ရောင် ချော်ရည်ကျောက်တွေအပြည့်နဲ့ နေထွက်လာချိန်ဆို မြင်ကွင်းက မနက်ခင်းစိတ်ကို လုံးဝကြည်လင်သွားစေနိုင်တယ်။
(၂) Spicy Seafood Stew စားကြည့်ပါ။
ဂျယ်ဂျူကျွန်းရောက်ရင် ပင်လယ်စာလတ်လတ်ဆတ်ဆတ်လေးတွေက တကယ်မပါမဖြစ်ဘဲနော်။ တခါစားရဖို့ table ရဖို့တောင် ခက်တဲ့ Samseonghyeol Haemultang မှာ Spicy Seafood Stew က တကယ့် နာမည်ကြီးဘဲလို့ပြောကြတယ်။
(၃) ပင်လယ်ထဲသို့ တိုက်ရိုက်ဝင်သော အာရှ၏ တစ်ခုတည်းသော ရေတံခွန်ကို ကြည့်ပါ။
Jeongbang Falls က အာရှမှာ ပင်လယ်ထဲတိုက်ရိုက်ဝင်တဲ့ ရေတံခွန်တစ်ခုလည်းဖြစ်တယ်။ ဂျယ်ဂျူရောက်ရင် မဖြစ်မနေ သွားလည်ရမယ့် နေရာတစ်ခုဆိုလည်းမမှားဘူးနော်။ တော်တော်လည်းလှတယ်လို့ ပြောလေ့ရှိကြတယ်။
(၄) Highest Point ကြည့်ပါ။
Hallasan Mountain က ကိုးရီးယားမှာ အမြင့်ဆုံးတောင်လို့လည်းပြောလို့ရတယ်။ တက်ရတာ တော်တော်မြင့်ပေမယ့် အပေါ်ရောက်ရင်တော့ ကိုးရီးယားတစ်နိုင်ငံလုံး မြင်ရသလိုဘဲမို့ အမောလည်းပြေ၊ အရမ်းလည်းလှတယ်။
(၅) ပင်လယ်နဲ့အတူ တနေ့တာကုန်ဆုံးကြည့်ပါ။
ဂျယ်ဂျူကျွန်းဟာ 7 wonders of nature ထဲမှာ ပါဝင်ပါတယ်။ ပင်လယ်နားမှာ ထိုင်နေရုံတင်တော်တော်လှတာမို့ ပင်လယ်နားမှာ တနေကုန်နေကြည့်ကြည့်ပါ။
မင်မင်ဒီစာရေးနေရင်းနဲ့တင် ဂျယ်ဂျူကျွန်းကို ရောက်ဖူးချင်နေပြီ။ သွားလည်သင့်တဲ့ နေရာတစ်ခုထဲလည်း ပါတယ်နော်။