မိုးအေးအေးလေးနဲ့ ကြည့်လို့ကောင်းမယ့် Korean Drama (3)ကား
သင်ဟာ မိုးရေစက်တွေရဲ့ တဖြောက်ဖြောက်ကို နားထောင်ရင်း ပျော်ရွှင်မှုနဲ့ ငြိမ်သက်မှုကို ရှာဖွေတတ်တဲ့ လူတစ်ယောက်လား?
မိုးသည် လွမ်းဆွတ်ခြင်း၊ အထီးကျန်ခြင်း သို့မဟုတ် ငြိမ်သက်ခြင်းစသည့် စိတ်ခံစားမှုများစွာကို ဖြစ်ပေါ်စေနိုင်သလို K-drama များတွင် မကြာခဏ လေးနက်သော အရေးပါမှု ရှိခဲ့ပါသေးတယ်။
မိုးနဲ့အတူဆွေးချင်တဲ့ သူတွေအတွက် ကြည့်လို့ကောင်းတဲ့ K-Drama (3) ကား ကို မင်မင် ညွှန်ပေးလိုက်တယ်နော်။
(1) Hometown Cha-Cha-Cha
မွေးရပ်မြေ Cha-Cha-Cha” သည် နွေးထွေးတဲ့ ဇာတ်အိမ်ပေါ်မှာ အခြေပြုထားတဲ့ ဇာတ်ကားပင်ဖြစ်တယ်။
ဇာတ်လိုက်စုံတွဲနဲ့ သူတို့ရဲ့ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးတွေအပြင်၊ ဇာတ်ကြောင်းထဲမှာ အနုစိတ်ပေါင်းစပ်ထားတဲ့ မြို့သူရွာသားတွေရဲ့ ဇာတ်လမ်းတွေလည်း အများအပြားပါပဲ။
“ဇာတ်ကားထဲမှာ ဘဝမှာ မမျှော်လင့်ထားတဲ့ အခြေအနေတွေ ကြုံလာရလိမ့်မယ်။ ထီးသုံးရင်တောင် ရွှဲနစ်သွားမှာပါ ” လို့ မင်းသားက မင်းသမီးကို ပြောတဲ့ အခန်းလေးကို မိုးရွာနေတဲ့ Scene လေးနဲ့ ပုံဖော်ထားတာ တကယ်လွမ်းဆွတ်ဖွယ်ကောင်းတာမို့ အဲ့အခန်းလေးကို မင်မင်တော့ အရမ်းကြိုက်ဘဲ။ ဒီကားထဲမှာ မင်းသား (Kim Seon Ho) နဲ့ မင်းသမီး (Shin Min Ah) က ပါဝင်သရုပ်ဆောင်ထားပါတယ်။
(2) Love Rain
Love Rain” သည် ချိုမြိန်သော အချစ်ဦးဇာတ်လမ်းဖြစ်ပြီး ခုနှစ် ၁၉၇၀ ခုနှစ်များဆီသို့ ရောက်သွားသလို Vibes မျိုးပေးတယ်နော်။ ဒီဒရာမာက အချစ်ဇာတ်လမ်းနှင့် ကြေကွဲခြင်း တို့ကို ရောယှက်ထားသည့် ဇာတ်လမ်းမျိုးဖြစ်တယ်။ ဒီကားကြည့်နေရင်းနဲ့ မိုးဆိုတာ အချိန်အတော်ကြာ ပျောက်ဆုံးသွားသော ပထမဆုံးချစ်ခြင်း၏ ချိုမြိန်သောအမှတ်တရများ နှင့် ဖြစ်မလာနိုင်သည့်အရာကို တမ်းတမိတဲ့ အကြောင်းကို သက်သေတည်ထားတဲ့အရာပင် ဖြစ်ကြောင်း ဆွေးဆွေးလေးခံစားရမှာနော်။ ဒီကားထဲမှာ မင်းသား (Jang Geun Suk) နဲ့ မင်းသမီး (YoonA) က ပါဝင်သရုပ်ဆောင်ထားပါတယ်။
(3) A Business Proposal
အပြင်မှာ မိုးရွာနေတဲ့အချိန် office romance လေး ကြည့်လိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲနော်။
ဒီကားလေးက အတွဲတစ်တွဲရဲ့ Romance တင်မဟုတ် ၂တွဲရဲ့ Romance ကိုကြည့်ရမှာမို့ မိုးအေးအေးလေးနဲ့ ကြည့်လို့ကောင်းမှာ အမှန်ဘဲနော်။
ဒီကားထဲမှာ မင်းသား (Ahn Hyo Seop) နဲ့ မင်းသမီး (Kim Sejeong) က ပါဝင်သရုပ်ဆောင်ထားပါတယ်။