လက်မထပ်ခင်ကတည်းက ယောက္ခမဖြစ်သူရဲ့ သမီးအရင်းလေးလို အချစ်ခံနေရတဲ့ Lee Da In
ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၇ ရက်နေ့ကတည်းက မင်းသား Lee Seung Gi ဟာ မင်းသမီး Lee Da In နဲ့မင်္ဂလာဆောင်တော့မဲ့သတင်းကပရိတ်သတ်တွေအတွက်အံ့အားသင့်စေခဲ့ပါတယ်။ မင်းသား Lee Seung Gi ရဲ့ အမေကလည်း Media Outlet News1 ကို သားဖြစ်သူရဲ့မင်္ဂလာသတင်းနဲ့ပတ်သတ်ပြီး” Lee Da In က လူကြီးတွေအပေါ်ကို ရိုသေလေးစားမှုရှိတယ် ၊ ကြင်နာတတ်တယ် ၊ သူမက ချစ်စဖွယ်ကောင်းအောင် နေတတ်တယ် ၊ Seung Gi ဘက်ကနေလည်း
အမြဲရပ်တည်ပေးပြီး အင်အားတွေပေးတဲ့တကယ့်လက်တွဲဖော်ကောင်းတစ်ယောက်ပါ ၊ ကျွန်မအတွက်တော့ တကယ့်ကိုချွေးမကောင်းတစ်ယောက်ကို ရထားတာပါရှင်” ဆိုပြီး ပြောခဲ့ပါတယ်၊သူတို့နှစ်ဉီးရဲ့မင်္ဂလာပွဲကိုတော့ April 7 ရက်နေ့, နာမည်ကြီး 5 stars ဇိမ်ခံဟော်တယ်ကြီးတစ်ခုဖြစ်ပြီး အနုပညာရှင်များစွာ နာမည်ကြီးလူချမ်းသာတွေများစွာမျက်စိကျသဘောကျရတဲ့The Grand Intercontinental Seoul Parnas မှာ ခမ်းခမ်းနားနားကျင်းပသွားမယ်လို့လည်းသိရပါတယ်။