လောကကြီးမှာ မိသားစုတခုမှာ အဖေဖြစ်သူနဲ့ သမီးကြားမှာ အမြဲဆိုသလို ပြသာနာလေးတွေရှိတတ်ပါတယ်။

ဒီပြသာနာလေးတွေကို ဘယ်လိုဖြေရှင်းကြသလဲ။ သမီးက မေမေ့ကိုပြော၊ မေမေက ဖေဖေ့ကို စကားလက်ဆင့်ကမ်းကြမှာပါ။ ဒါပင်မဲ့ မကြာခင် အချိန်ကျရင်တော့ အဖေများနေ့ဆိုတာကိုလည်း ရောက်တော့မှာပါ။ သမီးဖြစ်သူက ဖေဖေ့သိစေချင်တဲ့ အကြောင်းတွေကတော့

မိန်းကလေးဆိုတာ မွေးလာကတည်းက မိန်းမတစ်ယောက်ပါ။ ကလေးလို ဆက်ဆံတာကို ရပ်လိုက်ပါတော့နော် ဖေဖေ။

မိန်းကလေးဆိုတာနဲ့ ပန်း၊ ဘိုမရုပ်၊ ပန်းရောင် ကြိုက်တယ်လို့ မထင်ပါနဲ့။ အခြားအရောင်တွေ၊ ဘောလုံးလည်း ကန်ချင်တဲ့အခါမျိုးလည်းရှိတာပေါ့ ဖေဖေ။

ခိုင်းသာခိုင်းပါ။ ဘယ်လောက်ပဲသေးမွှားတဲ့ကိစ္စဖြစ်ပါစေ။ ပြီးရင် ချီးကျုးဖို့မမေ့ပါနဲ့ဖေဖေ။

မေမေ့ကို တန်းတူ ဆက်ဆံပါ။ မေမေဟာ သမီးဘဝရဲ့ မေမေဖြစ်သလို၊ သမီးဘဝရဲ့ ဆရာမဆိုရင်လဲ မမှားပါ ဖေဖေ။

အဖေဖြစ်တာကြောင့် သမီးရှေ့မှာ ဟိတ်ကြီးဟန်ကြီးနဲ့မနေပါနဲ့။ ဖေဖေတော်မှန်းသိပါတယ်။ အားနည်းချက်တွေရှိရင်လည်း ဖေဖေ့ကို မုန်းသွားမှာ မဟုတ်ပါဘူး ဖေဖေ။

သမီးလုပ်သမျှ အကြောင်းကို အကောင်းလို့သာမှတ်ပြီး စိတ်ဝင်တစားနားထောင်ပေးပါ ဖေဖေ။

သမီး ဘဝမှာ အခက်အခဲတွေနဲ့ကြုံတွေနေရချိန်မှာ သမီးကို အားပေးပါ။ ဖေဖေက သမီးအနောက်မှာ ရှိတယ်ဆိုရင်ပဲ သမီးမှာ အားတွေရှိလာပါပြီ ဖေဖေ။

သမီးကိုပေးထားတဲ့ ဂတိတွေကို မမေ့ပါနဲ့ ဖေဖေ။

သမီးမှာ ထူးချွန်တဲ့အရာကို ဖေဖေသိမှာပါ။ သမီးကို ပြောပြပါဖေဖေ။

သမီးပြောချင်တဲ့စကားတွေကို နားထောင်ပေးပါ။ မိန်းကလေးဆိုတာ စကားပြောရတာကို သိပ်ကြိုက်တယ် ဖေဖေ။

သမီးက ထူးချွန်တဲ့အရာဆိုတာကို တစ်ယောက်တည်း မဆုံးဖြတ်လိုက်ပါနဲ့။ သမီးလုပ်ချင်တာကို ပေးလုပ်ပါ ဖေဖေ။

သမီးက မိန်းကလေးဖြစ်တာကြောင့် မိန်းကလေးအရမ်းဆန်နေရင်လည်း ထူးထူးခြားခြား ကိစ္စတော့ မဟုတ်ပါဘူး ဖေဖေ။

သားကို ပြန်ပြောလိမ့်မယ် မထင်ပါဘူးလို့ တွေးပြီး သမီးကို လာမပြောပါနဲ့ ဖေဖေ။

ပြသာနာတစ်ခုဖြစ်လာလို့ ဖေဖေ့ကို တိုင်ပင်ချင်တာကို မေမေနဲ့ တိုင်ပင်လိုက်လို့ မပြောပါနဲ့။ ဖေဖေကို ရင်ဖွင့်ချင်လို့ပါ ဖေဖေ။

သမီးက ဝတယ် ပိန်တယ်ကို မပြောပါနဲ့။ တကယ်ကို စိတ်ထဲမှာ ခံစားရတယ် ဖေဖေ။

မိန်းကလေးတွေရဲ့အကြောင်းကို သိပ်မပြောပါနဲ့။ အပြင်ကယောင်္ကျားတွေကိုလည်း ဖေဖေလိုပဲ ထင်သွားပါလိမ့်မယ် ဖေဖေ။

ဂုဏ်ယူဖွယ်ကောင်းသော ယောင်္ကျားတွေအကြောင်းပဲမပြောပါနဲ့။ လေးစားဖွယ်ကောင်းသော အမျိုးသမီး အကြောင်းကိုလည်း ပြောပါ ဖေဖေ။

သမီးရှေ့မှာ ဖေဖေနဲ့မေမေ လက်တွဲပြီး ကြိုးစားတာကိုပဲ မြင်ချင်ပါတယ်။ သမီးလည်း ဖေဖေ့လို လူမျိုးကို တွေ့အောင် ရှာမှာပါ ဖေဖေ။

သမီး ချစ်ရသူကို အိမ်ကိုခေါ်လာချိန်ကို သူ့ကို မခြိမ်းခြောက်ပါနဲ့။ ဖေဖေကို ယုံကြည်မှာ မဟုတ်သလို သမီးကိုလည်း ယုံကြည်တော့မှာ မဟုတ်ပါ ဖေဖေ။

မကောင်းတာတွေကို ဖယ်ရှားပြီး သမီးကို ကာကွယ်ပေးနေတဲ့ ဖခင်တစ်ယောက် အဖြစ်တွေ့ချင်ပါတယ် ဖေဖေ။

မကောင်းတဲ့ ယောင်္ကျားလေးတွေ သမီးအနားကို ကပ်လာမှာကို မစိုးရိပ်ပါနဲ့။ သမီးအကြောင်း သမီး အသိဆုံးပါ ဖေဖေ။

မကောင်းတဲ့ သူငယ်ချင်းတွေနဲ့ပေါင်းနေချိန်မှာ သမီးအတွက် စိတ်ညစ်နေရမှာပါ။ ဒါပင်မဲ့ သမီးက နောက်ပြန်လည့်ချိန်မှာ ဖေဖေကို တွေ့ချင်ပါတယ် ဖေဖေ။

ဖေဖေ ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်ပါနော် ဖေဖေ။

တခါတလေ မေမေ့ကိုလည်း ချစ်တဲ့အကြောင်း ပြောအုံးနော်။ သမီးလည်း နှစ်ယောက် ချစ်ချစ်ခင်ခင် ရှိရင် ပျော်တာပေါ့ ဖေဖေ။

သမီးကို ဘယ်လောက်အထိ ချစ်သလဲဆိုတာကို ရုက်မနေပဲနဲ့ ရဲရဲဝံ့ဝံ့ ပြောစေချင်ပါတယ် ဖေဖေ။

သမီးရှင် မိသားစုများအားလုံး ကျန်းမာ ချမ်းသာကြပါစေလို့ ချယ်မို မှ ဆုတောင်းလိုက်ပါတယ်။

Chelmo Team
Credit. tabi-labo