နေ့စဉ်နဲ့အမျှ အချိန်တွေကုန်သွားပင်မဲ့ ဒီနေ့ ဘယ်လို အချိန်ကုန်သွားလဲဆိုတာကို ပြန်စဉ်းစားမိဖို့ အချိန်မပေးနိုင်ကြပါ။

ဒီစာလေးကို ဖတ်နေတယ်ဆိုရင် ကိုယ်ဘာလုပ်ခဲ့လဲဆိုတာကို အတူတူပြန်ကြည့်ကြည့်ရအောင်နော်။

၁. တစ်နေ့တာလုပ်ခဲ့တဲ့ ကိစ္စကို ရုပ်ရှင်ကြည့်သလို ပြန်စဉ်းစားကြည့်ပါ။

မနက်အလုပ်သွားတဲ့အခါ ကားပေါ်က ဘာတွေဖြစ်ခဲ့သလဲ၊ အလုပ်ခွင်က အစည်းအဝေးမှာ ဘာတွေပြောခဲ့သလဲ ကိုတာကို ရုပ်ရှင်ကြည့်သလို ပြန်တွေးကြည့်ပါ။အချိန်လေးနည်းနည်းပေးပြီးပြန်တွေးကြည့်ရင် ကိုယ့်ရဲ့စိတ်အခြေအနေ၊ ဘယ်လိုစဉ်းစားခဲ့သလဲဆိုတာကိုသိရမှာပါ။ ဘယ်လောက်ပဲ သေးသေးမွှားမွှားကိစ္စဖြစ်နေပါစေ၊ကာင်းတဲ့နေရာလေးကို ပြန်တွေးပြီးအိပ်ရင် ကောင်းကောင်းအိပ်ပျော်မှာပါ။

၂. တစ်နေ့တာဖြစ်ခဲ့တဲ့ကိစ္စကို Diary ရေးကြည့်ပါ။

Diaryရေးလေ့ရှိသူကတော့ နေ့စဉ်ရေးတဲ့ Diary လေးမှာ ခေါင်းစဉ်တပ်ထားသင့်ပါတယ်။ခေါင်းစဉ်တပ်ထားရင် ရေးခဲ့တဲ့နေ့က
ကိုယ့်ရဲ့အခြေအနေကို ပြန်လည်သုံးသပ်နိုင်မှာပါ။ Diaryရေးတာကလည်း မပျက်မကွက်ရေးဖို့ဆိုတာဟာ တော်တော်ကြိုးစားရတာပါ။ရေးရတာ မပျင်းအောင် တနေ့တမျိုး ရေးပုံလေးကို ပြောင်းရေးရင်လည်း ကောင်းပါတယ်။

၃.စိတ်ထဲမှာပျာ်စရာကောင်းအဖြစ်အပျက်ကလေးတွေကိုပြန်တွေးကြည့်ပါ။

ဒီနေ့ ထမင်းစားလို့ကောင်းတယ်၊ မိသားစုနဲ့လည်း အဆင်ပြေတယ်။ ဘာရယ်လို့တော့မဟုတ်ပင်မဲ့ ပုံမှန်ဖြစ်ပျက်နေတဲ့ကိစ္စလေး
တွေကို စဉ်းစားပြီး ကုသိုလ်ယူကြည့်ပါ။

၎.ပြသာနာဖြစ်တဲ့အခါ ကိုယ့်ကိုကိုယ် အပြစ်မတင်ပဲ ကိုယ့်ကိုကိုယ် ပြန်အားပေးပါ။

ပြသာနာဖြစ်တဲ့အခါ ကိုယ့်ကိုကိုယ် အပြစ်တင်ပြီးရင်ပြီးရင်တော့ ကောင်းတဲ့အရာဟာ ဖြစ်လာမှာ မဟုတ်ပါ။အဲဒီအတွက် ကိုယ့်ကိုကိုယ် အားပေးတတ်အောင်ကြိုးစားပါ။ဒီတခေါက်မှားပင်မဲ့ နောင်တကြိမ် မမှားအောင်ဘယ်လိုလုပ်မလဲဆိုတာက အဓိကပါ။

Happiness Is To You
Chelmo Team
Ref. Naver