သူဌေးဖြစ်ချင်တယ်ဆိုပြီး ဘုရားမှာ ဆုတောင်းနေရံနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။

နေ့စဉ်လိုက်နာဆောင်ရွက်ရမဲ့ ကိစ္စလေးတွေကို မမေ့မလျှော့ပဲ လုပ်ဆောင်သွားမယ်ဆိုရင် မအောင်မြင်စရာ အကြောင်း မရှိပါဘူး။ လိုက်နာရမဲ့ အဓိက အချက်လေးတွေကတော့ အောက်ပါအတိုင်းပါဘဲ။

၀၁. ကျန်းမာရေးသာလျှင် အဓိက

နေ့စဉ်နေထိုင်မှု ဘဝမှာ ကျန်းမာရေးက အဓိက ကဏ္ဏမှာ ပါဝင်ပါတယ်။ကျန်းမာမှသာလျှင်ကိုယ့်ရဲ့ရည်မှန်းချက်ကိုအကောင်အထည်ဖော်နိုင်မှာပါ။

၀၂. အမြဲတမ်း ပြုံးပြုံးရွှင်ရွှင် တက်တက်ကြွကြွ နေထိုင်နိုင်ခြင်း

နေ့တိုင်းပိုက်ဆံမရှိဘူးဆိုပြီးထိုင်ပြီးစိတ်ညစ်နေလို့လဲဘာမှဖြစ်မလာပါဘူး။ဒါကြောင့်စဉ်းစားနေတာထက်ပြုံးပြုံးရွှင်ရွှင်နေတက်မှသာလျှင်လူချစ်လူခင်ပေါလာပြီး ကံကောင်းခြင်းနဲ့ အလုပ်လည်းအဆင်ပြေလာမှာပါ။

၀၃. ဈေးအဝယ်တော်တာကလည်း သူဌေးဖြစ်မယ့် အမျိုးသမီးတွေ အတွက် မရှိမဖြစ်တဲ့ အချက် ပိုက်ဆံကိုချွချွေတာတာနဲ့လိုအပ်တဲ့နေရာမှာလိုအပ်သလိုအသုံးချတက်တဲ့သူဟာ သူဌေးဖြစ်ကိုဖြစ်မှာပါ။

၀၄. အမျိုးသမီးဖြစ်တဲ့အတွက် လှလှပပနေထိုင်ဖို့ဆိုတာဟာလဲ မမေ့နဲ့

ကိုယ်က မိန်းကလေးတယောက်ဆိုတာကိုလည်း မမေ့ထားပါနဲ့။ လှလှပပ နေထိုင်တက်တယ်ဆိုတာကလည်း အရေးကြီးတဲ့ အချက်တစ်ချက်ပါ။

၀၅. အိမ်ရဲ့ ဝင်ငွေထွက်ငွေ စာရင်းကိုလည်း သေသေချာချာ ပြုစုရန်။ အိမ်ရဲ့လိုအပ်ချက်က ဘာလဲဆိုတာကို သေသေချာချာ လေ့လာပြီး လိုအပ်တဲ့နေရာမှာ ပိုက်ဆံကို သုံးပြီး ပိုရင်စုဖို့ဆိုတာကိုလည်း မမေ့ဖို့လိုပါတယ်။

#Chelmo Team
#Life