သူနဲ့ကိုယ်နဲ့ လမ်းခွဲသင့်ချိန်ဆိုတာ မစဉ်းစားချင်ပင်မဲ့လည်း အကြောင်းကြောင်းကြောင့် ဖြစ်လာတတ်ပါတယ်။

ဒီလိုအချိန်ဆိုတာ သူ့ဘက်က ဘယ်လို ပြုမူတတ်လာသလဲဆိုတာကို ကြည့်လိုက်မယ်နော်။

★★ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ လူကိုအရှုးလုပ်တယ်
တခါတလေ လူရှေ့မှာ အမှားလေးလုပ်မိပါတယ်။ ပြောလို့မဆုံးတော့ဘူး။ ဒါမျိုးတွေကို ခွင့်လွှတ်သင့်ပါတယ်။

★★ ချစ်တယ်ဆိုတဲ့ အကြောင်းကို ပါးစပ်ကမပြောနဲ့ ရုပ်မှာလဲ မပေါ်တော့ပါ
ချစ်တယ်ဆိုတဲ့အကြောင်းကို ချစ်သူကို ပြောတယ်ဆိုတာ ခက်တဲ့အကြောင်း မဟုတ်ပါ။

★★ ယုယမှု၊ ကြင်နာမှုတွေ မရှိတော့ပါ
ဒီလိုမျိုးအဆင့်ကိုရောက်နေပြီဆိုရင်တော့ ပြသာနာရှိတယ်နော်။

★★ အတူတူရှိနေချိန်ဆိုတာ စိတ်ညစ်စရာလို့ တွေးနေတယ်
အလုပ်များလို့ဆိုပြီး အမျိုးမျိုးငြင်းပြီး အကြောင်းအမျိုးမျိုးပြ၊ အတူတူရှိနေချိန်မှာလည်း ကိုယ့်ကို စိတ်မဝင်စားရင်တော့ ခက်ပြီ။

★★ သူ့အကြောင်းကို မပြောဖြစ်တော့ပါ
သူငယ်ချင်းတွေနဲ့ သွားလာနေချိန်မှာလည်း အရင်ကဆို သူ့အကြောင်းကို ပြောဖြစ်ပင်မဲ့လည်း အခုတော့ မပြောချင်တော့ပါ။

★★ မုန့်လည်း မဝယ်ကျွေးတော့ပါ
အရင်တုန်းလို မုန့်သွားစားမယ်ဆိုရင် သူကကျွေးခဲ့ပင်မဲ့လည်း အခုတော့ ကိုယ်ကပဲပေးနေရတော့တယ်။

★★ ကိုယ့်ရဲ့စိတ်ညစ်စရာ စကားလေးတွေကိုလည်း နားမထောင်ပေးတော့ပါ
အလုပ်ထဲမှာ၊ ကျောင်းမှာ စိတ်ညစ်စရာလေးတွေနဲ့ ကြုံနေရချိန်မှာ သူကကိုယ့်ကို နှစ်သိမ့်ပေးခဲ့ပင်မဲ့လည်း အခုတော့ ကိုယ့်ရဲ့စကားလေးတွေကိုလည်း နားမထောင်တော့ပါ။

★★ လက်ကိုလည်း မကိုင်တော့ပါ
အရင်တုန်းကဆို အပြင်သွားရင် လက်တွဲပြီး လမ်းလျှောက်ဖြစ်ပင်မဲ့လည်း အခုတော့ ကိုယ့်ရဲ့လက်ကို ကိုင်ကို မကိုင်တော့ပါ။

★★ ဦးစားပေးတာတွေလည်း မရှိတော့ပါ
ဘယ်သွားသွား သူကနေ မိန်းကလေးဖြစ်သူကို ဦးစားပေး တံခါးဖွင့်ပေးခဲ့တာတွေလည်း အခုတော့ မရှိတော့ပါ။

★★ ကိုယ်ရဲ့အိမ်မက် ရည်မှန်းချက်တွေကိုလည်း အားမပေးတော့ပါ
ကိုယ့်ရဲ့ဘဝ ရည်မှန်းချက်တွေကို အားပေးမယ်ဆိုတဲ့ သူ့ရဲ့စကားလေးတွေလည်း မကြားရတော့ပါ။

★★ ကိုယ့်အနားမှာ မထိုင်နိုင်တော့ပါ
ဘယ်သွားသွား အနားမှာထိုင်ပေးပင်မဲ့လည်း အခုတော့ ဝေးဝေးမှာ ထိုင်နေတာ ဘာကြောင့်လဲ။

★★ ကိုယ့်အပြစ်ကို ဝန်မခံပါ
သူမှားနေတဲ့ကိစ္စကို မှားပါတယ်လို့ ဝန်မခံတော့ပါ။

★★ အရမ်းချုပ်ခြယ်ချင်လာတယ်
ဘယ်သွားသွား၊ ဘာလုပ်လုပ် ကိုယ့်ရဲ့အခွင့်အရေးဖြစ်ပင်မဲ့လည်း သူ့ရဲ့ချယ်ခြယ်မှုတွေက ပြင်းထန်လာတယ်။

★★ ဘာလုပ်လုပ် စိတ်တိုနေတယ်
ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုကြောင့် ဒေါသမီးတောက်နေတတ်တယ်။

★★ ဗိုက်စာလာရင်လည်း လူကိုမဲတယ်
ဗိုက်စာနေတာကို အကြောင်းပြပြီး ကိုယ့်ကို ဆက်ဆံတာက ရိုင်းလာပြီး လူကိုမဲလာရင်တော့ မကောင်းပါ။

★★ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ကိုယ့်ကိုပိုပြီး မဲတယ်
အလုပ်ကြောင့်၊ မိသားစုကိစ္စတွေကြောင့် ပင်ပန်းပြီး စိတ်ညစ်နေရချိန်မှာ လူကို ပိုပြီး ပြသာနာရှာသူကတော့ မုန်းစရာအကောင်းဆုံးပါ။

★★ ငါက မင်းထက် ပိုသိတယ် ပိုတတ်တယ်
ချစ်သူတွေမှာ တစ်ယောက်နဲ့တစ်ယောက် ပြိုင်စရာ ဆရာလုပ်စရာ မလိုဘူးလို့ ထင်ပါတယ်။

★★ မိသားစုနဲ့လည်း ပေါင်းသင်းဆက်ဆံမှုက အဆင်မပြေတော့ပါ
ကိုယ့်ရဲ့ မိဘတွေနဲ့လည်း တွေ့ရင် အရင်တုန်းကလို ပျော်ပျော်ရွှင်ရွှင် မရှိတော့ပါ။

★★ လက်ဆောင်လည်း မရှိတော့ပါ
မင်းကြိုက်တဲ့ ပစ္စည်းမရှိလို့ဆိုပြီး လက်ဆောင်တွေလည်း မဝယ်ပေးတော့ပါ။

★★ ဒုက္ခရောက်နေချိန်မှာ အနားမှာ မရှိတော့ပါ
ဒုက္ခတွေနဲ့ကြုံနေရချိန်မှာ သူကအနားကို မကပ်တော့ပါ။

★★ ကိုယ့်ရဲ့အောင်မြင်မှုကို မနာလိုဖြစ်နေပြီ
ကိုယ့်ရဲ့အောင်မြင်မှုလေးတွေကို သူကအားပေးရမဲ့နေရာမှာ အခုတော့ အပြစ်တွေပြောနေပြီ။

★★ အစီအစဉ်တွေကို လွယ်လွယ်နဲ့ဖျက်တတ်လာပြီ
အားတဲ့ရက်မှာ အတူတူသွားမယ်လို့လုပ်ထားတဲ့ကိစ္စလေးကို အကြောင်းအမျိုးမျိုးပြပြီး ဖျက်တတ်လာပြီ

★★ ကတိဆိုတာကိုလည်း မေ့သွားပြီ
ကတိစကားကို လွယ်လွယ်နဲ့ ဖောက်ဖျက်တတ်လာပြီ။

★★ ကူညီအားပေးမှု မရှိတော့ပါ
ကိုယ်ကနေမကောင်းချိန်မှာ အားငယ်နေချိန်မှာ ဘယ်လိုခေါ်ခေါ် မလာတော့ပါ။

Chelmo Team
Credit. tabi-labo