Netflix ၏ TV Rankings Top 10 ထဲ ဝင်ခဲ့တဲ့ Non-English ဇာတ်လမ်းတွဲ Celebrity
Netflix စီးရီး ‘Celebrity’ သည် ကျယ်ကျယ်ပြန့်ပြန့် ရေပန်းစားလာခဲ့ပြီး Netflix ၏ ကမ္ဘာလုံးဆိုင်ရာ Top 10 TV Rankings တွင် ထိပ်ဆုံးနေရာသို့ ရောက်ရှိခဲ့တယ်။
ဇူလိုင် 12 ရက် KST ၏အဆိုအရ Celebrity သည် ကြည့်ရှုမှု 5.6 သန်းရရှိခဲ့ပြီး ၎င်းသည် Netflix တွင် Non-English Series တွေထဲ နံပါတ်တစ် Series ဖြစ်လာခဲ့တယ်။
ဟောင်ကောင်၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဘိုလီးဗီးယားနှင့် ပီရူးအပါအဝင် နိုင်ငံ 10 နိုင်ငံ တွင် ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့တယ်။ ထို့အပြင် Celebrity သည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း 52 နိုင်ငံရှိ ထိပ်တန်း 10 နိုင်ငံစာရင်းတွင် ပါဝင်ခဲ့ပါသေးတယ်။
Celebrity ကို Netflix မှတဆင့် နိုင်ငံပေါင်း 190 တွင် ကြည့်ရှုလို့ ရနေပါပြီနော်။