K-pop 4th generation မှထွက်ရှိခဲ့သော သီချင်းများအနက် ပရိတ်သတ်စိတ်၀င်စားမှုအများဆုံး ရရှိခဲ့တဲ့ NewJeans သီချင်းများ
K-pop ဂီတနယ်ပယ်သည် မျိုးဆက်သစ်အနုပညာရှင်များ ပေါ်ထွန်းလာမှုနှင့် အတူ အဆက်မပြတ် ကြီးထွားလာပါတယ်။ Kpop လောကကြီးဟာ စိန်ခေါ်မှုအသစ်တွေနဲ့ အတူ Generation အလိုက် မတူကွဲပြားစွာ တိုးတက်လျက်ရှိပါတယ်။ အခုအချိန်ဟာ 4th Generation ခေတ်ဖြစ်ပြီး ပရိတ်သတ်တွေကို စွဲဆောင်မှုရှိသော Performance များနဲ့အတူ အာရုံစိုက်မှုရရှိခဲ့သော အဖွဲ့များလည်း ရှိတယ်။ 4th Generation ရဲ့ အောင်မြင်မှုကလည်း တကယ့်အံ့မခန်းဘဲ။ လတ်တလော ကိုးရီးယားအင်တာနက်အသုံးပြုသူတွေအကြား 4th Generation Group တွေထဲမှာ နာမည်ကြီး လူကြိုက်များတဲ့ သီချင်းတွေကို ရွေးထုတ်ခဲ့ကြတယ်။ အဲ့ထဲမှာမှ NewJeans သီချင်းတွေက ပရိတ်သတ်စိတ်အဝင်စားဆုံး ဖြစ်ခဲ့တယ်လို့ ပြောခဲ့ကြတယ်။ “Hype Boy”၊ ‘Attention’, ‘Ditto’ နဲ့ ‘Love Dive’တွေက တော်တော်ပေါက်ခဲ့တယ်လို့ ပြောလို့ရတယ်။ 4th Generation ဆိုတာနဲ့ New Jeans လို့တောင် ပြေးမြင်မိနေပြီနော်။